Resetting admin login password for GMS Application Interface of SonicWall GMS Virtual Appliance on UMA

ကိုယ့် Network မှာ SonicWall Firewall တွေ အများကြီးရှိတယ်ဆိုရင်တော့ SonicWall GMS မရှိပဲ Manage လုပ်ဖို့ တော်တော်မလွယ်ပါဘူး။
GMS မှာ login ၂ ခု ရှိပါတယ်။ System Interface Login နဲ့ Application Interface Login ဆိုပြီးတော့ပါ။

System Interface ကတော့ Hardware/Virtual Appliance GMS ကို manage လုပ်ဖို့ပါ။ Application Interface ကတော့ GMS နဲ့ control လုပ်ထားတဲ့ Device တွေကို manage လုပ်ဖို့ပါ။
တကယ်လို့ System Interface Login Password ကိုမေ့သွားတယ် ဆိုရင်တော့ Dell SonicWall Technical Support ကိုဆက်သွယ်ပေတော့ဗျ။ သူတို့ပဲ reset လုပ်ပေးနိုင်လို့ပါ။
Support Contract/License ကလဲ Expire ဖြစ်နေတယ်။ Renew လဲ လုပ်မထားဖူးဆိုရင်တော့ အစအဆုံး ပြန် Install လုပ်ပေတော့ပဲ။ ဒီတော့ ဒီ password ကိုတော့ မမေ့ပစ်နဲ့ပေါ့ဗျာ။

Application Interface login password ကို reset လုပ်ဖို့ကတော့ အောက်ကအဆင့်အတိုင်းသာလိုက်လုပ်ပါ။ 
Password မေ့လို့ မှားနေရင် အောက်ကလို ပေါ်ပါမယ်။

Password reset လုပ်ဖို့ MySQL Query Browser ဆိုတာလိုပါတယ်။ သူက GMS Database ကို ဝင်ဖို့ပါ။

၁။ အောက်က လင့်မှာ သွား  Download လုပ်ပြီး GMS နဲ့ Subnet တူတဲ့ Server/PC ပေါ်ကနေပဲဖြစ်ဖြစ်၊ GMS ကို access လုပ်လို့ရတဲ့ PC မှာ တင်ပြီး သူ့ကို run ပါ။

၂။ MySQL Query Browser ကိုဖွင့်ပါ။

၃။ GMS Database ကို access right ရတဲ့ account သို့မဟုတ်  'root' account ကိုသုံးပြီး အောက်ကပုံမှာ ပြထားသလို login ဝင်ပါ။

၄။ အောက်က command သုံးကြောင်းကို ပုံမှာပြထားသလို ရိုက်ထည့်ပြီး 'Execute' button ကိုနှိပ်ပါ။ Successful ဖြစ်ရင် တတိယမြောက်ပုံအတိုင်း မြင်ရပါမယ်။

UPDATE USERS 
SET PASSWORD = ‘5f4dcc3b5aa765d61d8327deb882cf99’
WHERE ID = ‘admin’;




၅။  Password reset successful ဖြစ်ပြီဆိုတာနဲ့ GMS Application Interface ကို အောက်ကပုံအတိုင်း Login ပြန်ဝင်ကြည့်ပါ။ Reset လုပ်လိုက်တဲ့ အခါ default password က password ပါ။

  
 ဒီ ပို့စ်အတွက် ကျတော်စမ်းပြထားတဲ့ GMS Virtual Appliance Version က GMS 7.2 ပဲဖြစ်ပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment