How to deploy 2.4GHz Wireless properly?

2.4GHz Wireless ကို Deploy လုပ်တော့မယ်ဆိုရင် သတိထားစရာ အတော်များများရှိပါတယ်။

Channel ရွေးချယ်မှု မှားယွင်းပြီဆိုတာနဲ့ Wireless Network ရဲ့ Stability , Performance တွေ သိသိသာသာ ကို ကျဆင်းနေစေမှာပဲ ဖြစ်ပါတယ်။

2.4GHz အတွက် ရနိုင်တဲ့ Channel တွေက တချို့ မှာဆို 1 to 11 , တချို့မှာတော့ 1 to 13 ထိရှိပါတယ်။

ဒီ Channel ထဲက Overlap မဖြစ်တဲ့ Channel ငါးခုပဲ ရှိပါတယ်။
Channel 1 to 11 ထိ ရနိုင်တဲ့ Wireless Devices တွေမှာ Channel 1,6 နဲ့ 11 တွေက Overlap မဖြစ်ပါဘူး။
Channel 1 to 13 ထိ ရနိုင်တဲ့ Wireless Devices တွေမှာ Channel 1,5,9 နဲ့ 13 တွေက Overlap မဖြစ်ပါဘူး။

Wireless Device တော်တော်များများဟာ ဒီ Channel 1 to 13 ထဲက တခုခုကို ပါဝါစဖွင့်ထဲက အလိုအလျောက်ရွေးချယ်ပါတယ်။

Standalone or Controller Base Wireless Device တွေအတွက် Channel ကို Auto Select လုပ်စေတာဟာ နေရာတိုင်းအတွက် မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။

မိမိ နေရာဝန်းကျင်မှာ အလားတူ Wireless Device တွေရှိလာပြီဆိုရင် တည်ငြိမ်ပြီး လုပ်ဆောင်နိုင်စွမ်းကောင်းတဲ့ Wireless Network Area တခု ဘယ်လိုမှ မရနိုင်တော့ပါဘူး။

ဘာဖြစ်လို့ မရနိုင်တာလဲ ဆိုတော့ အောက်ပါ အချက်တွေကြောင့်ပါပဲ။

၁) Co-Channel Interference
တူညီတဲ့ Channel တခုထဲ မှာ Wi-Fi Devices တွေများလာပြီဆိုရင် Half-Duplex နဲ့ အလုပ်လုပ်တဲ့ Wireless Device တွေအတွက် ကြီးမားတဲ့ အနှောက်အယှက်ကိုဖြစ်စေပါတယ်။

၂) Adjacent-Channel Interference
မိမိ Wireless Network Area အတွင်းနဲ့ အနီးတဝိုက်မှာ အခြား Wireless Boradcast Device တွေရှိနေပြီး အားလုံးက Auto Channelization နဲ့ အလုပ်လုပ်နေတာကလဲ မိမိ Wireless Network ကို အကြီးအကျယ် အနှောက်အယှက်ဖြစ်စေပါတယ်။

၃) Non-Wi-Fi Interference
Analog Camera, CCTV, Cordless Phone , Microwave Oven စတဲ့ ပစ္စည်းတွေရဲ့ Frequency ဟာလည်း 2.4GHz ကိုပဲ သုံးထားတာပါ။
ဒါကြောင့် မိမိ Wireless Network Area အတွင်းနဲ့ အနီးတဝိုက်မှာ ဒါမျိုး ပစ္စည်းတွေရှိတယ်ဆိုရင်တော့ Interference ကို မလွှဲမသွေ ကြုံတွေ့ရမှာပါ။

ဒီတော့ မိမိ Wireless Network အတွက် အကောင်းဆုံး ဖြစ်အောင် Channel ရွေးဖို့လိုပါတယ်။
အောက်ကပုံကိုကြည့်ပါ။ inSSIDer Home ဆိုတဲ့ Application ကိုသုံးပြီး Wireless Network တွေကို Scan လုပ်ထားတာပါ။



ပုံပါအတိုင်းဆို လက်ရှိ Channel 1 မှာ အလုပ်လုပ်နေတဲ့ SINGTEL-931_EXT ဆိုတဲ့ Wireless ကို Channel 11 ကို ပြောင်းပစ်ဖို့ အသင့်ဆုံးပါ။

ဒါက Standalone Device အတွက်အကောင်းဆုံးပါပဲ။
တကယ်လို့ Controller Base Wireless Device တွေ အတွက်ဆိုလဲ ဒီလိုပဲ ရွေးချယ်ရမှာပါ။
တခုထက်ပိုတဲ့ AP or Wireless Router တွေနဲ့ တခုထက်ပိုတဲ့ SSID တွေသုံးထားရင်တော့ Channel တွေအများကြီးထဲက 1,6,11 or 1,6,9,13 တွေကိုရွေးပြီး Balance ညီအောင်ထားပေးဖို့လိုပါလိမ့်မယ်။

ဒါကြောင့် Auto Channelization , Auto Channel Width တွေဟာ နေရာတိုင်းမှာ အမြဲတမ်း မှန်ကန်စွာ အလုပ်မလုပ်နိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။
လိုအပ်သလို Manually Adjust လုပ်ပေးဖို့လိုပါတယ်။ ဒီလိုလုပ်ဖို့လဲ အင်တာနက်မှာ အသင့်သုံးနိုင်တဲ့ Wireless Channel Scanner Free Application တွေရှိပါတယ်။

Wireless Network အကြောင်း အတွေ့အကြံုတွေ ဆက်ရေးပါအုံးမယ်။ မကြာမီ လာမည် မျှော်... :D

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment