Allowing WeChat to Sign Up and to get QR Code for login in SonicWall

SonicWall Firewall Application Control က WeChat Application အတွက် လိုအပ်တဲ့ Application တချို့ကို Application Control ကနေ Block ထားပါတယ်။

အဲဒီအတွက်ကြောင့်ပဲ Mobile Device တွေကနေ WeChat ကို Sign Up လုပ်တဲ့အခါ "Connection error. Check your network settings." ဆိုတာပေါ်ပြီး Account Create လုပ်မရပါဘူး။



Account ရှိပြီးသား Device တွေဆိုရင်လဲ QR Code ကို Scan လုပ်ပြီး Sign in လုပ်မရပါဘူး။

Laptop တွေ Desktop တွေမှာဆိုရင်လဲ QR Code ကို Load လုပ်လို့မရပဲ အောက်ကလို Error ပဲ ပေါ်ပါတယ်။



ဒါကို ရှင်းမယ်ဆိုရင် SonicWall ရဲ့ Application Control က block ထားတဲ့ အောက်က Application Signature List ကို Unblock/Allow လုပ်ရပါမယ်။

Application Category : Proxy-Access (27)
Application : Proxy-Access HTTP (966)
Application Signature : Proxy-Access HTTP Proxy -- HTTP Proxy POST (9685)

အောက်က IP Address List ကို Allow/Exclude from Application Control List ထဲမှာ ထည့်ပေးရပါမယ်။ (တကယ်တော့ WeChat က သုံးထားတဲ့ IP Address တွေအများရှိပါသေးတယ်။ အခု ပြထားတာနဲ့တင်အဆင်ပြေလို့ ထပ်မထည့်တော့တာပါ။ ဒီ List နဲ့ အဆင်မပြေသေးရင်တော့ Log မှာ ဝင်စစ်ပြီး ထပ်ထည့်ပေါ့ဗျာ။)
203.205.129.101
203.205.147.168
203.205.151.160
140.206.160.213

အားလုံး Unblock/Allow လုပ်ပြီးပြီဆိုရင်တော့ Network ထဲက User တွေ WeChat ကို အတားအဆီးမရှိ အဆင်ပြေပြေသုံးနိုင်ပါပြီ။
(ကျတော်ကတော့ QQ က တဆင့် ပေါက်ဖွားလာတဲ့ ဒီ တရုတ် Application ကို လုံခြုံရေးအရ စိတ်မချလို့မဖွင့်ချင်ပါဘူး။ ဒါပေမယ့် အလုပ်လိုအပ်ချက်အရဖွင့်​ပေးရတော့လဲ သေချာစောင့်ကြည့်ပေတော့ပေါ့။)

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment