Trojan distributed as 8 Ball Pool Game Hack

8 Ball Pool ဆိုတဲ့ ဘိလိယပ်ကစားတဲ့ Free Game လေးဆော့တတ်တဲ့သူများအတွက် သတင်းကောင်းပါ။

ပုံမှန်အတိုင်းမဆော့ချင်ပဲ ခုန်ပျံကျော်လွှားပြီး ဆော့ချင်တဲ့သူတွေအတွက် Cheat, Hack တွေကို အင်တာနက်မှာရှာပြီး စက်ထဲကို Download လုပ်တတ်ကြမှာပေါ့။

အခုလဲ အဲဒီအကျင့်လေးကို hacker, attacker တွေက အသုံးချပြီး မိမိစက်ထဲက Data တွေကို ခိုးယူနိုင်တဲ့ Trojan ပါတဲ့ hack tool လေးကို အွန်လိုင်းမှာ တင်ပေးထားပါတယ်။

တကယ်လို့ သင်က Download လုပ်ပြီး Tool ကို Execute လုပ်တာနဲ့ အောက်က အတိုင်း သင့် System ကို modify လုပ်ပြီး Data တွေခိုးပါလိမ့်မယ်။

- သူ့ကိုယ်သူ copy ပွားပြီး %TEMP%\ Directory ထဲကို exe file တခုအနေနဲ့ ထည့်ပါလိမ့်မယ်။ ဥပမာ chrome.exe
- စက် Reboot လုပ်လိုက်တဲ့အခါ မှာ သူ့အလိုလို startup ဖြစ်အောင် အောက်ပါအတိုင်း registry မှာ ပြင်ပါလိမ့်မယ်။
HKLM\software\microsoft\windows\currentversion\run[8ce73491bf190a3fd7028c92bd3331b1] "%TEMP%\chrome.exe"
- Windows Firewall ကို bypass လုပ်ဖို့ အောက်ပါအတိုင်း registry ကို ပြင်ပါတယ်။
HKLM\system\currentcontrolset\services\sharedaccess\parameters\firewallpolicy\standardprofile\authorizedapplications\list [%TEMP%\chrome.exe]

ပြီးတဲ့အခါ hackernople.no-ip.biz ဆီကနေ DNS query လုပ်ပါတယ်။
ပြီးတာနဲ့ စက်ထဲကနေ desktop's screenshot, current date, computer name, username, operating system နဲ့ လက်ရှိသုံးနေတဲ့ IP address တွေကို CoC Server ဆီကို ပို့တော့တာပဲ။
ဒီ Trojan က စက်ထဲက File တွေကိုလဲ ဖျက်ပစ်နိုင်ပါသေးတယ်။ ပြီးတော့ "WebBrowserPassView" လိုမျိုး Password Recovery Tool တွေကိုလဲ ကိုယ်မသိအောင် Download & Install လုပ်ပါသေးတယ်။

ဒီတော့ကာ...ဒီ Trojan ရဲ့ အန္တရာယ်ဟာ သူ့ရဲ့ ခိုးယူနိုင်၊ ဖျက်ဆီးနိုင်တဲ့ Data ရဲ့ အရေးကြီးမှုပမာဏပေါ်မူတည်ပါတယ်။

ဒါကို ရှာဖွေတွေ့ရှိတာကတော့ Dell SonicWall Security Center ကပါ။

Dell SonicWall Gateway AntiVirus တွေကိုတော့ Signature update လုပ်ထားဖို့လိုပါတယ်။

သင့် network မှာ Dell မဟုတ်တဲ့ တခြား security device တွေ သုံးရင်တော့ အမြန်ဆုံး signature update လုပ်ဖို့တိုက်တွန်းပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)


No comments :

Post a Comment