Understanding Cisco Switch Virtualization

ကျတော်တို့ Switch Network ကို တည်ဆောက်တဲ့အခါ Core, Distribution, Access Layer တွေနဲ့ တည်ဆောက်ကြသလို Redundant အတွက်လဲ ထည့်စဉ်းစားပြီး Design လုပ်ကြရပါတယ်။
Redundant အတွက်စဉ်းစားတဲ့အခါ loop-free topology ရဖို့အတွက် ပါ ထည့်သွင်းစဉ်းစားပြီး implement လုပ်ကြရပါတယ်။
loop-free topology အတွက် လုပ်တာနဲ့ ပုံမှန် Spanning-tree လို ဟာတွေဟာ redundant link ကို block လုပ်ထားတဲ့အတွက် resource တွေကို အပြည့်အဝ မသုံးရတဲ့ ပြဿနာလေးတွေကြုံလာရပါတယ်။

အောက်က ပုံမှာဆိုရင် မြင်တွေ့နေကြ Switch Topology တခုပေါ့။ အနီရောင်နဲ့ ပြထားတဲ့ link တွေဟာဆိုရင် spanning tree က block လုပ်ထားလို့ သုံးမရတဲ့ အခြေအနေပါ။
ဒီပုံမှာဆိုရင် Distribution Switch ၁ လုံး ပျက်သွားခဲ့ရင် နောက ၁ လုံးက take over လုပ်နိုင်ပေမယ့် Access Switch တွေကတော့ Redundant Link မရှိတဲ့အတွက် Connection Breakdown ဖြစ်သွားမှာပါ။


ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ ဆိုရင် အောက် က ပုံလို Access Switch ၂ လုံးကို Logical Switch ၁ လုံးအနေနဲ့ ပေါင်းပြီး uplink တွေကို EtherChannel သုံးပြီး ပေါင်းထားနိုင်ပါတယ်။
ဒီမှာဆိုရင်လဲ Spanning Tree က Logical Switch ရဲ့ uplink တခုကို block ထားပါသေးတယ်။
ဒီလို အခြေအနေကို ထပ်ကျော်လွှားဖို့အတွက် Distribution Switch ၂ လုံးကိုပါ Logical Switch ၁ လုံးအနေနဲ့ ထပ်ပေါင်းမယ်ဆိုရင် အောက်က ပုံလို ဖြစ်သွားပါမယ်။
ဒါဆိုရင်တော့ Logical Switch ၂ လုံးကြားက Link ၄ ခုစလုံး ကို EtherChannel ၁ ခုအနေနဲ့ setup လုပ်ပြီးတော့ Spanning-tree ကနေ block လုပ်ထားတာကို ကျော်လွှားနိုင်သွားပြီဖြစ်သလို၊ Physical Switches တွေအများကြီးနဲ့ setup လုပ်မရတဲ့ EtherChannel ရဲ့ ကန့်သတ်ချက်ကို လဲ ကျော်လွှားပြီးသားဖြစ်သွားပါပြီ။

နည်းနည်းရှုပ်နေမှာစိုးလို့ ပိုရှင်းသွားအောင် အောက်က ပုံ ၂ ခုနဲ့ ယှဉ်ပြပါမယ်။
ဒီအောက်က ပုံက Physical Switch တွေ ချည်းပဲ ချိတ်ထားတဲ့ပုံပါ။


အခုအောက်ကပုံကတော့တော့ Physical Switch တွေကို Logical Switch အဖြစ် ပြောင်းထားတဲ့ ပုံပါ။
ရှုပ်ယှက်ခတ်နေတဲ့ Link တွေ တော်တော်ရှင်းသွားတာကို မြင်ရပါလိမ့်မယ်။
ဒီလို မျိုး Physical Switch တွေကို Logical Switch အဖြစ် ပြောင်းနိုင်ဖို့ Cisco က Technology ၂ ခုကို ချပြထားပါတယ်။ အဲဒါတွေကတော့...
၁) Cisco Stackwise
၂) VSS (Virtual Switching System) တို့ပဲ ဖြစ်ပါတယ်။

၂ မျိုးစလုံးကို စမ်းကြည့်ဖို့အတွက် လောလောဆယ်တော့ Simulation Application တွေ ကျတော် မတွေ့မိသေးပါဘူး။
စမ်းချင်ရင်တော့ ကိုယ့်အလုပ်မှာ ဒါမျိုးလုပ်ပါစေ လို့ ဆုတောင်းပေါ့ဗျာ။ ဒါမှ မဟုတ်ရင်တော့ Cisco Catalyst 3750 လို stackable switch, Cisco Catalyst 6500/4500 လို VSS ရနိုင်တဲ့ switch မျိုး ဝယ်ပြီး စမ်းပေါ့။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment