Licensing matter in Network and System Field

IT Field ထဲမှာ အလုပ်လုပ်နေတဲ့ System, Network  သမားတွေ အနေနဲ့ Product License တွေအကြောင်းကို သိကိုသိရမှာပဲ ဖြစ်ပါတယ်။
ဒါမှ ကိုယ့်အလုပ်ထဲမှာ လိုအပ်တဲ့ Product တွေကို လိုအပ်တဲ့ License ဝယ်သုံးနိုင်မှာပဲဖြစ်ပါတယ်။
မသိထားရင်တော့ လိုအပ်လာလို့ IT Manager လို Management တွေက ပြန်မေးလာတဲ့အခါ အခက်တွေ့မှာကတော့ ကိုယ်တိုင်ပါပဲ။
ဝယ်ယူခြင်းကိစ္စကတော့ Admin, Procurement တွေက လုပ်မှာ ဖြစ်ပေမယ့် ဘာတွေတော့ဖြင့်လိုတယ် ဘာတွေကတော့ မလိုဘူးဆိုတာကို ဆုံးဖြတ်ပေးရမှာကတော့ ကိုယ်တိုင်ပါပဲ။
ဒါပေမယ့် ဒီလောကထဲက Product တွေရဲ့ License တွေအကြောင်းကို ထဲထဲဝင်ဝင်သိဖို့ဆိုတာကလဲ အတော်လေးမလွယ်ကူပါဘူး။
ဥပမာ အနေနဲ့ Palo Alto, Checkpoint, Cisco လို Firewall တွေ၊ Cisco, ​HP, Mikrotik လို Router, Switch တွေ၊
Microsoft, VMware လို System ပိုင်းမှာသုံးတဲ့ OS တွေ ရဲ့ License အမျိုးအစားတွေကို သေချာနားလည်ဖို့ဆိုတာ Pre-Sale တွေ၊ Sale တွေကို အားကိုးလို့ မရပါဘူး။
သူတို့လဲ ပစ္စည်းရောင်းရရေးအတွက် "Yes" "Can" တွေထပ်အောင်ပြောပြီး ကိုယ်ဝယ်ပြီးတာနဲ့ ကိုယ့်ကို လှည့်ကြည့်တော့မှာ မဟုတ်လို့ပါပဲ။
ဒီတော့ Product License တွေရဲ့ လိုအပ်ချက်နဲ့ အသုံးဝင်ပုံတွေ၊ ရွေးချယ်ပုံတွေကို အနည်းငယ် တီးမိခေါက်မိဖို့အတွက်
ကိုအောင်နိုင်မိုး (CCIE#50505, R&S) ရေးသားထုတ်ဝေထားတဲ့ Cisco Essentials Networking Notes စာအုပ်ထဲက Cisco IOS Licensing အကြောင်းလေးကို လေ့လာချင်သူများအတွက် ဝေမျှပေးလိုက်ပါတယ်။
ဒီအပိုင်းကို ကိုအောင်နိုင်မိုး ကိုယ်တိုင် Cisco Myanmar Group မှာ သူ့စာအုပ်မထုတ်ခင် အမြည်းသဘောမျိုး အခမဲ့ တင်ပေးထားခဲ့တာဖြစ်တဲ့အတွက် လွတ်လပ်စွာ ပြန်လည် ဝေမျှပေးနိုင်ပါတယ်။
မူရင်း စာရေးဆရာ ကိုအောင်နိုင်မိုးနဲ့ သူ့ရဲ့ စာအုပ်နာမည်ကိုသာ Credit အနေနဲ့ ဖော်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်။

Cisco IOS Licensing အကြောင်းရေးထားတဲ့ စာပိုဒ်ကိုတော့ အောက်က Mediafire လင့်မှာ ရယူနိုင်ပါတယ်။

https://www.mediafire.com/?9e7kwjjc61h63jf

ကျေးဇူးတင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment