Cisco
IOS ရဲ့ OSPF Feature တွေထဲမှာ stub router advertisement ဆိုတဲ့ feature တခုပါပါတယ်။
ဒါကို ကျတော်
CCIE လုပ်တဲ့အခါမှာ စသိရတာပါ။ တခြားမသိသေးတဲ့သူတွေလဲ သိရအောင် ပြန်ဝေမျှချင်ပါတယ်။
သူကဘာလဲဆိုတော့
အောက်က ပုံကိုကြည့်ပါ။
R1 ကနေ R4
ကိုသွားဖို့ R2 နဲ့ R3 လမ်းကြောင်း ၂ ခုရှိပါတယ်။
ပုံမှန်
OSPF အတိုင်းဆို R2 ကနေပဲ Traffic တွေက သွားပါလိမ့်မယ်။ Cost နဲ တဲ့ Best Path မို့လို့ပါ။
ဒီအတိုင်း
အဆင်ပြေနေတာကနေ R2 ကို Hardening လုပ်လို့ IOS upgrade လုပ်ရပါပြီတဲ့။ ကျတော်တို့
Network ခဏ Down ရပါတော့မယ်။ ခဏလေးတောင် Down မရတဲ့ Network မှာဆိုရင် ကျတော်တို့
Route တွေကို R3 ကနေသွားခိုင်းဖို့လိုလာပါပြီ။
ဒီလို အခြေအနေမျိုးအတွက်
stub router advertisement လို့ခေါ်တဲ့ Metric Value ကို Maximum ထိ မြှင့်ပြီး
neighbor router တွေကို advertise လုပ်ပေးရတာမျိုး R2 မှာ လုပ်ပေးဖို့လိုလာပါတယ်။
ဒီတော့ ဘယ်လိုလုပ်ထားလဲ့
ဆိုတာ အောက်က Before နဲ့ After ဆိုတဲ့ ပုံလေးတွေကိုကြည့်ကြည့်လိုက်ပါ။
Before
Configuring Stub Router Advertisement
After
Configured Stub Router Advertisement
ဒါက အခြေခံအကျဆုံး
configuration ပါ။ ဒီထက်ပိုပြီး အသေးစိတ်ကျကျ configure လုပ်လို့ရပါသေးတယ်။ ဥပမာ R2 reload လုပ်ပြီး ၅ မိနစ်နေတော့မှ R3 ရဲ့ Route Advertisement တွေကို R2 ဖက်က ပြန် take over ယူပါဆိုတာမျိုး starup delay feature တွေထပ်ထည့်လို့ရပါသေးတယ်။
ဘယ်လိုလုပ်နိုင်လဲ
ဆိုတာကိုတော့ အောက်က မူရင်း Cisco link မှာ သွားဖတ်ကြည့်နိုင်ပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be
knowledgeable, pass it on then)
No comments :
Post a Comment