Sony Ericsson PlayStation Phone ကို Hard Reset လုပ်နည်း

Reset လုပ်ပြီဆိုတာနဲ့ Phone ထဲက Data တွေပျက်မှာပါ... ဒီတော့ အရင်ဆုံး
Back up လုပ်ဖို့ မှာချင်ပါတယ်။
အောက်က နည်းကတော့ Main Home Screen ကနေ Factory Reset လုပ်နည်းပါ။
၁။ Main Home Screen ကနေ Menu ကို ရွေးပါ။
၂။ Settings ကိုရွေးပါ။ Privacy ကိုရွေးပါ။
၃။ Factory Data Reset ကို ရွေးပါ။
၄။ Reset Phone ကိုရွေးပါ။
၅။ Password တောင်းလာရင် ထည့်ပေးပါ။ Erase Everything ကိုရွေးပါ။

ဒါဆို Factory Reset လုပ်ပြီးပါပြီ။

Phone က Respond လုံးဝ မလုပ်နိုင်တော့ပဲ Frozen ဖြစ်နေပြီဆိုရင် Key
combination ကို သုံးပြီး Hard Reset လုပ်ရတော့မယ်လေ...
၁။ ဖုန်းကို Power အရင်ပိတ်ပါ။ Power ပိတ်လို့တောင်မှ မရတော့ဘူးဆိုရင်
Battery သာဆွဲဖြုတ်လိုက်တော့ပေါ့။ ပြီးရင် ၅ စက္ကန့်လောက်စောင့် Battery
ပြန်တပ်ပါ။
၂။ LCD ရဲ့ အောက်နား က Left , Right ခလုတ်နှစ်ခုကို ဖိနှိပ်ထားပါ။
၃။ Power ခလုတ်ကို နှိပ်ပြီး ပြန်လွှတ်လိုက်ပါ။
၄။ LCD Screen မှာ Hard Reset လုပ်နည်းတွေကို
အဆင့်လိုက်ပြောပြပါလိမ့်မယ်... လိုက်လုပ်လိုက်ပါ။

Factory Reset လုပ်ငန်းပြီးရင် ဖုန်းက Reboot လုပ်ပါလိမ့်မယ်... Power
ပြန်တက်လာတဲ့အချိန်မှာတော့ ဖုန်း က စက်ရုံက ထုတ်လိုက်တုန်းက ပုံစံ
ပြန်ဖြစ်သွားပါပြီ။
အရင် install လုပ်ထားတဲ့ application တွေနဲ့ Data တွေကို ဖုန်းထဲကို
ပြန်ထည့်ပေးဖို့တော့လိုတာပေါ့ဗျာ...

ကဲ ... ကျေနပ်နိုင်ပါစေဗျာ...

Motorola Droid R2-D2 ကို Hard Reset လုပ်နည်း အဆင့်များ

ဒီတခါတော့ Motorola Droid R2-D2 ကို Hard Reset လုပ်ပုံလုပ်နည်း
လေးတွေကို ပြောပြပေးပါ့မယ်
ပထမဆုံး reset မလုပ်ခင် ပြောချင်တာကတော့...
Reset လုပ်ပြီ ဆိုတာနဲ့ ဖုန်းထဲမှာ ရှိသမျှ Data တွေကို အကုန်ဖျက်ပစ်မှာ
ဖြစ်ပါတယ်...
ဒီတော့ Data တွေကို Backup လုပ်ထားဖို့ ပြောချင်ပါတယ်...

ကဲ လာပါပြီ.. ပထမဆုံး Factory Data Reset ကို Menu Settings ကနေ လုပ်ပုံ
ကို ရှင်းပြပါမယ်

၁။ Main Home Screen ကနေ Menu ကို Select လုပ်ပါ
၂။ Settings ကို Select လုပ်ပါ။ ပြီးရင် Privacy ဆိုတာကို Select လုပ်ပါ
၃။ Factory data reset ကို Select လုပ်ပါ
၄။ Reset phone ကို Select လုပ်ပါ
၅။ Password မေးလာပါမယ်... ရိုက် ထည့်ပေးလိုက်ပါ။ ပြီးရင် Erase
everything ကို Select လုပ်ပါ။

ဒါဆို Main Home Screen Settings ကနေ Factory reset လုပ်နည်း ပြီးပြီပေါ့ဗျာ...

နောက်တနည်းက ဖုန်းက ဘာဆိုဘာမှ Respond မလုပ်တော့ပဲ Frozen
ဖြစ်နေပြီဆိုပါတော့ဗျာ....
Hard reset လုပ်ဖို့လိုပြီပေါ့ဗျာ

၁။ Power ခလုတ်ကို နှိပ်လိုက်ပါ။ Power Off ဆိုတာကို Select လုပ်ပါ
၂။ Keyboard ပေါ်က X Key ကို နှိပ်ထားပြီး Power ပြန် on လာတဲ့အထိ
စောင့်ပါ။ Screen ပေါ်မှာ အဝါရောင် တြိဂံပုံ လေး ပေါ်လာတဲ့ အထိ X Key ကို
နှိပ် ထားပါ
၃။ Slied ကို ပိတ် လိုက် ပြီး Volume Up ခလုတ် ကို နှိပ်ထားပါ။ ပြီးရင်
Camera ခလုတ် ကို Volume Up ခလုတ် နဲ့ အတူ တပြိုင် တည်း အတူတကွ နှိပ်
ထားပါ
၄။ Screen ပေါ်မှာ "wipe data/factory reset" ဆို ပြီး ရွေးချယ်စရာ
ပေါ်လာပါမယ်။ Keyboard ပေါ်က Direction Pad ကို သုံးပြီး ရွေးပေးလိုက်ပါ
၅။ Direction Pad ကို သုံး ပြီး Yes ကို ရောက်တဲ့ ထိ Screen Menu ကို
ဆွဲချလာပါ။ ပြီးရင် d-pad select key ကို သုံး၍ "Yes" ကို ရွေးပေးလိုက်ပါ

ဒါဆိုရင် ဖုန်းက ရှိသမျှ Data ကို ဖျက်ပါပြီ... ပြီးပြီဆိုရင် သူ့
အလိုလို Reboot လုပ်ပါလိမ့်မယ်. စက္ကန့်အနည်းငယ် ကြာတာနဲ့
ဖုန်း Power ပြန် on လာပါမယ်... ဒီတခါတော့ ဖုန်းက စက်ရုံက
ထုတ်လိုက်တုန်းက ပုံစံ အတိုင်း ပြန်ဖြစ်သွားပါပြီ...
ဒီတော့ကာ... ဖုန်းထဲကို အရင် က သွင်းထားတဲ့ Third-party applications
software တွေကို ပါ ပြန် install လုပ်ပေးဖို့လိုပါတယ်...

ကဲ ဒီလောက်ဆိုရင် အားလုံး ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်

Samsung Mesmerize ကို Hard Reset လုပ်နည်းများ

အောက်မှာ ရေးပြထားတာကတော့. Samsung Mesmerize ကို factory defaut အတိုင်း ဖြစ်အောင် Reset လုပ်ပုံအဆင့်ဆင့်ပါပဲ...
ပထမဆုံး reset မလုပ်ခင် ပြောချင်တာကတော့...
Reset လုပ်ပြီ ဆိုတာနဲ့ ဖုန်းထဲမှာ ရှိသမျှ Data တွေကို အကုန်ဖျက်ပစ်မှာ ဖြစ်ပါတယ်...
ဒီတော့ Data တွေကို Backup လုပ်ထားဖို့ ပြောချင်ပါတယ်...
ကဲ လာပါပြီ.. Main Home Screen Settings ကနေ Factory Reset လုပ်ပုံက ဒီလိုဗျ
၁။ Main Home Screen ကနေ Menu ကို Select လုပ်ပါ
၂။ Settings ကို Select လုပ်ပါ။ ပြီးရင် Privacy ဆိုတာကို Select လုပ်ပါ
၃။ Factory data reset ကို Select လုပ်ပါ
၄။ Reset phone ကို Select လုပ်ပါ
၅။ Password မေးလာပါမယ်... ရိုက် ထည့်ပေးလိုက်ပါ။ ပြီးရင် Erase everything ကို Select လုပ်ပါ။

ဒါဆို Main Home Screen Settings ကနေ Factory reset လုပ်နည်း ပြီးပြီပေါ့ဗျာ...

နောက်တနည်းက ဖုန်းက ဘာဆိုဘာမှ Respond မလုပ်တော့ပဲ Frozen ဖြစ်နေပြီဆိုပါတော့ဗျာ....
Hard reset လုပ်ဖို့လိုပြီပေါ့ဗျာ

၁။ ဖုန်း ကို Power အရင် ပိတ်လိုက်ပါ
၂။ အပေါ်က ပြောသလို Frozen ဖြစ်နေရင်တော့ Battery ကိုသာ ဆွဲဖြုတ်လိုက်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ Battery ပြန်တပ်ပါ
၃။ Volume Down ခလုတ်ကိုနှိပ် ထားပါ
၄။ Power ခလုတ်ကို ဖုန်း Power on လာတဲ့အထိ ဖိနှိပ် ပေးထားပါ
၅။ Fastbook, Recovery, Clear Storage , Simlock ဆိုပြီး ရွေးချယ်စရာ Menu ပေါ်လာပါလိမ့်မယ်..
၆။ Clear Storage ဆိုတာကို Volume Down ခလုတ်လေး နှိပ် ပြီး ရွေးပေးလိုက်ပါ
၇။ Power ခလုတ်ကို နှိပ် ပြီး ပြန်လွှတ်လိုက်ပါ
၈။ ပြီးရင် Yes အတွက် Volume Up ခလုတ်, No အတွက် Volume Down ခလုတ် ကို နှိပ် ပါ

ဒါဆိုရင် ဖုန်းက ရှိသမျှ Data ကို ဖျက်ပါပြီ... ပြီးပြီဆိုရင် သူ့ အလိုလို Reboot လုပ်ပါလိမ့်မယ်. စက္ကန့်အနည်းငယ် ကြာတာနဲ့
ဖုန်း Power ပြန် on လာပါမယ်... ဒီတခါတော့ ဖုန်းက စက်ရုံက ထုတ်လိုက်တုန်းက ပုံစံ အတိုင်း ပြန်ဖြစ်သွားပါပြီ...
ဒီတော့ကာ... ဖုန်းထဲကို အရင် က သွင်းထားတဲ့ Third-party applications software တွေကို ပါ ပြန် install လုပ်ပေးဖို့လိုပါတယ်...

ကဲ ဒီလောက်ဆိုရင် အားလုံး ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်

HTC Ozone Phone ကို Reset ချနည်းများ

ကဲ... အောက်မှာရေးပေးထားတာကတော့ HTC Ozone ကို factory default setting အတိုင်းပြန်ဖြစ်အောင် Reset လုပ်ပုံလုပ်နည်းတွေပါပဲ...
မရေးခင် ကြိုပြောချင်တာလေးတွေကတော့...
Reset လုပ်ပြီဆိုတာနဲ့ Phone ထဲမှာ ရှိသမျှ Data တွေကို အကုန်ဖျက်ပစ်လိုက်တာပါ...
ဒီတော့ reset မလုပ်ခင် Data တွေကို Backup လုပ်ထားဖို့ မှာချင်ပါတယ်...
လုပ်ပြီးပြီဆိုရင်... ဒီလိုလေး reset ချကြည့်ကြစို့...

ဖုန်းကဘာမှ ခိုင်းမရတော့တဲ့ အခြေအနေမျိုးကို Forzen လို့ခေါ်ပါတယ်...
ဒီလိုအခြေအနေရောက်ပြီဆိုရင်...
Battery ကိုဖြုတ်လိုက်ပါ... စက္ကန့် အနည်းငယ် လောက်စောင့်ပါ... Battery ပြန်တပ်လိုက်ပါ...

Reset လုပ်တာ နည်းလမ်း (၂) မျိုးရှိတယ်ဗျ...

ပထမနည်းက ဒီလို .... Phone ထဲက Data တွေကို အကုန်ဖျက်ပစ်မယ်ဆိုပါတော့...
(၁) Today Screen က နေ Start ကိုရွေးပါ
(၂) System Tools ကို ရွေးပါ
(၃) Clear Storage ကိုရွေးပါ
(၄) Factory Default ကိုရွေးပါ
(၅) Passcode တောင်းလာပါမယ်... 1234 ကို နှိပ်ပါ... ပြီးရင် left soft key ကို နှိပ်ပြီး Yes လုပ်ပါ...

ပြီးပါပြီ...

ဒုတိယနည်းကတော့...
Phone က ကိုယ်ဘာခိုင်းခိုင်း Respond ပြန်မလာတော့ဘူးဆိုရင်...

(၁) End/Power ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။ မရရင်... Battery သာ ဖြုတ်လိုက်ပါ။ ၅ စက္ကန့်လောက် စောင့်ပြီး Battery ပြန်တပ်ပါ။
(၂)Volume Down, Send နှင့် Power ခလုတ် (၃) ခုကို တပြိုင်တည်း နှိပ်ပါ။
(၃) "Wiping user data" ဆိုတာလေး မမြင်ရခင်ထိ နှိပ်ထားပါ။ မလွှတ်ပါနဲ့။
(၄) Volume up ကို နှိပ်ပါ။
(၅) Send ကိုနှိပ်ပါ။

ဒါဆို Hard reset လုပ်တာ အောင်မြင်သွားပါပြီ။

အားလုံးပဲပျော်ရွှင်ကြပါစေ....

CDMA 800 MHz ဖုန်းများ၏ Roaming ပြဿနာကို ဒီလိုရှင်းပါ

ခုတလော… Customer တော်တော်များများလာပြတဲ့ဖုန်းတွေမှာ… “R” ဆိုတာ ပေါ်လာပြီး… ဖုန်းအဝင်အထွက် မရတဲ့ ပြဿနာ တွေပဲ အဖြစ်များနေပါတယ်…
ဖြစ်တဲ့ဖုန်းတွေကိုကြည့်မယ်ဆိုရင်လဲ Huawei Brand ဖုန်းတြွေဖစ်နေတာများပါတယ်… တခြား Brand ဖုန်းတွေလည်း ဖြစ်ပါတယ်…
ဒီပြဿနာကို ဒီလိုလေးရှင်းကြည့်ရအောင်ဗျာ…

ပထမဆုံး… Handset ကို R-UIM ထည့်ပြီး… Power on လိုက်ပါ…
ပြီးရင်… ##159357 နှင့် Send ခလုတ်ကို နှိပ်ပါ။
ဒါဆိုရင် Phone Display မှာ R-UIM နဲ့ ROM ဆိုပြီး ရွေးစရာ နှစ်ခုပေါ်လာပါမယ်…
R-UIM ဆိုတာကို ရွေးပေးလိုက်ပါ….
ရွေးပြီးသွားတာနဲ့ Phone က သူ့အလိုလို Reset ဖြစ်ပါလိမ့်မယ်…
နောက်တခါ Power တက်လာရင် ….
##497613 နှင့် Send ခလုတ်ကို နှိပ်ပါ။
ဒါဆိုရင်
- Handset
- System test
- SD Download
- S/W Version
ဆိုပြီး ရွေးစရာ (၄) ခု ပေါ်လာပါလိမ့်မယ်…
System test ကိုရွေးပေးပါ…
- PA state
- LNA state
- TX power level
- Channel
- Exit channel lock
- Enter FTM mode
ဆိုတာတွေ ပေါ်လာပါမယ်
Channel ကိုရွေးပေးပါ…
ရွေးလိုက်လို့ ပေါ်လာတဲ့ အကွက်ထဲမှာ… ရန်ကုန် မှာ သုံးနေတဲ့ ဖုန်းဆိုရင်… 73 ဆိုတာကို ရိုက်ထည့်ပါ…
မန္တလေးမှာသုံးနေတဲ့ဖုန်းဆိုရင်… 199 ဆိုတာကိုရိုက်ထည့်ပါ…
ပြီးရင် ဖုန်းကို Power ပြန်ပိတ် …. ခဏစောင့် ပြီး… Power ပြန်ဖွင့်ပါ…
ကဲ…. ဖုန်းခေါ်ဆိုမှုများ… အရင်အတိုင်း ပြန်လည်ကောင်းမွန်ပါပြီ…
အခု ကျွန်တော်ပြောပြထားတဲ့ အချက်အလက်တွေ အတိုင်း လုပ်ကြည့်လို့ အဆင်မပြေဖြစ်နေသေးရင်… Comment သို့မဟုတ်… C-box မှာ အဆင်မပြေတာကို ရေးသွားနိုင်ပါတယ်…
ပြန်လည်ဖြေရှင်းပေးပါမယ်…
တခြားသော Option များကို ဝင်ရောက်ပြင်ဆင်ခြင်းများမပြုလုပ်ပါရန်… သတိပေးလိုပါတယ်…
ဝင်ရောက်ပြင်ဆင်မိလို့… မမျှော်လင့်ထားတဲ့အခြေအနေမျိုးတြွေဖစ်လာပြီး…ဖုန်းပျက်စီးသွားရင်... at your own risk ပေါ့နော်…
အခု ပြောပြပေးထားတာက Huawei Brand Handset တွေထဲကမှ… တချို့ အတွက်ပဲဖြစ်ပါတယ်… တော်တော်များများမှာ အဆင်ပြေပါတယ်…