Wake on LAN for Network Administrator

အခုတလော စာမရေးဖြစ်တာ ကြာပါပြီ...

ဒီတခါတော့... ကျွန်တော်တို့လို Network Administrator တွေအတွက် အသုံးတည့်တဲ့ Program လေး တခုနဲ့ မိတ်ဆက်ချင်ပါတယ်။

ဒါလေးကို သတိထားမိတာတော့ ကြာပါပြီ...မရေးဖြစ်တာပါ။

ဒီလိုရှိတယ်ဗျ... Network တခုမှာ ကွန်ပျူတာတွေကို ထိန်းကျောင်းရတာ များလာလေလေ အလုပ်ရှုပ်လေလေပဲ။

ကွန်ပျူတာတွေကို Software Install လုပ်ပေးရ...Anti-Virus Definition Update တွေ လုပ်ပေးရ... လိုအပ်ရင် Restart ချလိုက်... ပြန်ဖွင့်လိုက်နဲ့...တကယ်ကို အလုပ်များတာပါ။

ကျွန်တော်ဆို ရုံးခန်းက အပေါ်မှာ အပေါ်မှာ လုပ်ပေးလိုက်...အောက်ကို ပြေးလုပ်လိုက်နဲ့  တော်တော်လေးကို ပင်ပန်းပါတယ်။

ဒီမှာ ကျန်တာတွေကို အားလုံး Remote လုပ်လို့ရပြီး... ကွန်ပျူတာကို Power ပြန်ဖွင့်တာကိုကျတော့ လုပ်မရဘူးဖြစ်နေခဲ့တယ်...။

ဒါနဲ့ အရင်က ရှာဖူးတယ်... Remote လှမ်းပြီး Power ဖွင့်လို့ရလားပေါ့...

တွေ့ပါတယ်ဗျာ.... Wake on LAN တဲ့ ဒီ Software လေးက သေးသေးလေးနဲ့ တော်တော် အသုံးတည့်ပါတယ်။

သုံးပုံသုံးနည်းကတော့ တော်တော်လွယ်ကူပါတယ်...

ကိုယ် Power ဖွင့်ချင်တဲ့ ကွန်ပျူတာ ရဲ့ IP Address နဲ့ MAC Address ကိုသိရုံနဲ့ လှမ်းဖွင့်လို့ရပါပြီ။

တော်တော် လေးလွယ်ပါတယ်။

ဒီတော့ စမ်းကြည့်ကြပါ။

ဒီ Software သုံးဖို့ လိုအပ်တဲ့ အခြေအနေတွေကတော့...

 

- ကိုယ်လုပ်ချင်တဲ့ ကွန်ပျူတာဟာ Network ချိတ်ထားရမယ်

- ကွန်ပျူတာကို AC Power ရောက်နေရမယ်

- တကယ်လို့ ကိုယ်လုပ်ချင်တဲ့ ကွန်ပျူတာဟာ တခြား subnet မှာဆိုရင် Broadcast Address သိရမယ်

- နောက်တခုက ကိုယ်လုပ်ချင်တဲ့ ကွန်ပျူတာရဲ့ Motherboard ဟာ Wake on LAN ဆိုတဲ့ Network ကနေ Power လှမ်းဖွင့်တာမျိုးကို

  လုပ်လို့ရတဲ့ Board မျိုးဖြစ်ရမယ်

 

ကဲ...ဒီအချက်တွေ ပြည့်စုံပြီဆိုရင်တော့ ဒီ software ကို စမ်းကြည့်လို့ရပါပြီ။

 

သူ့ကို ရနိုင်တဲ့ နေရာတွေကတော့ အောက်က Link တွေမှာ ရနိုင်တယ်ဗျ။ ကိုယ်တိုင် ပြန်တင်ပေးထားတာပါ။

အလုပ်လုပ်ပုံကတော့ အတူအတူပဲ... Software တွေရဲ့ နာမည်တွေကတော့ နည်းနည်းလေးကွဲပါတယ်။

Software တွေနဲ့ အတူ... သုံးပုံသုံးနည်း user guide ပါ တွဲလျက်ပါပါတယ်။

 

http://dl.dropbox.com/u/19356519/SolarWinds-Wake-On-LAN.zip

http://dl.dropbox.com/u/19356519/wol_EN.exe

http://dl.dropbox.com/u/19356519/WolSetup.exe

 

ထင်သာမြင်သာအောင်လို့ Software တခုရဲ့ Screen shot လေးကိုတင်ပေးလိုက်ပါတယ်။

 

ဘဝတူ Network Administrator များ အဆင်ပြေပါစေဗျာ။

 

(Be knowledgeable, pass it on then)

HTC Desire Z ဖုန်းအား hard reset, restore to factory default settings လုပ်ပုံအဆင့်များ

ဖုန်းတွေ အကြောင်းမရေးဖြစ်တာကြာပါပြီ။...
ဒီတခါတော့... ကျွန်တော်တို့ဆီမှာ အသုံးများလာပြီဖြစ်တဲ့... HTC Desire အမျိုးအစား ဖုန်းတွေထဲက တမျိုးဖြစ်တဲ့ HTC Desire Z ကို Reset လုပ်ပုံလေးတွေ ကို တဆင့်ချင်းစီ ရှင်းပြပါမယ်။
ပထမဆုံးအနေနဲ့... Reset လုပ်ပြီဆိုရင် ဖုန်းထဲမှာ ရှိသမျှ Data တွေ အကုန်ပျက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်... Data Backup လုပ်ထားပါ။
ပြီးပြီဆိုရင် ...

၁။ Main Home Screen ကနေ menu ကို select လုပ်ပါ။
၂။ Settings ကို ရွေးပါ။ Privacy ကို ရွေးပါ။
၃။ Factory data reset ကို ရွေးပါ။
၄။ Reset phone ကို ရွေးပါ။
၅။ Password မေးလာပါမယ်... ထည့်ပေးလိုက်ပါ။ Erase everything ကို ရွေးပါ။

ကဲ... ဒါကတော့ soft reset လုပ်တယ်လို့ခေါ်ပါတယ်။

တကယ်လို့များ... ကိုယ့်ရဲ့ဖုန်းက ... menu setting တွေကို access လုပ်မရဘူး... frozen ဖြစ်နေတယ်ဆိုရင်... အောက်က အဆင့်တွေ အတိုင်း လုပ်ပါ။

၁။ ဖုန်းကို power ပိတ်ပါ။ Battery ကို ဖြုတ်လိုက်ပါ။ ၅ စက္ကန့်လောက်စောင့် ပြီး Battery ကို ပြန်တပ်လိုက်ပါ။
၂။ Volume Down ခလုတ်ကို ဖိပြီး နှိပ်ထားပါ။
၃။ Power ခလုတ်ကို ဖုန်း Power on လာသည် အထိ ဖိပြီး နှိပ်ထားပါ။
၄။ Fastbook, Recovery, Clear Storage , Simlock ဆိုတဲ့ Menu တခု ပေါ်လာပါမယ်။
၅။ Volume Down ခလုတ်ကို သုံးပြီး Clear Storage ဆိုတာကို ရွေးပေးပါ။
၆။ Power ခလုတ် ကို နှိပ်ပြီး လွှတ်လိုက်ပါ။
ရ။ Yes အတွက် Volume Up ခလုတ်ကို နှိပ်ပါ။ No အတွက် Volume Down ခလုတ်ကို နှိပ်ပါ။ (ဒီနေရာမှာတော့ Reset လုပ်ချင်တာဖြစ်တဲ့ အတွက် Yes ပဲ လုပ်ရမှာပါ။)

ဒါဆို ဖုန်းဟာ Resetting လုပ်နေပါမယ်... ပြီးသွားတာနဲ့ ဖုန်းဟာ Restart လုပ်ပါမယ်။ Restart ဖြစ်ပြီဆိုရင် မြင်ရမယ့် ဖုန်းရဲ့ Setting တွေ ဟာ Factory Default အတိုင်း ဖြစ်သွားပါပြီ။
ဒီတော့... Reset မလုပ်ခင်က ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ Data , Application တွေ အကုန်လုံးကို ပြန် install လုပ်ပေးပြီး... စိတ်တိုင်းကျ သုံးစွဲလို့ရပါပြီ။

ကဲ...အားလုံးပဲ...မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ Telecom Network ကြောင့်ဖြစ်လာနိုင်တဲ့ Phone Hang တဲ့ အဖြစ်ကနေ တတ်နိုင်သမျှ လွတ်ကင်းနိုင်ကြပါစေဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

What is VLAN?

ဟိုတလောက ကျွန်တော်နဲ့ same batch သူငယ်ချင်း ညီမ တယောက် က သူ့အလုပ်မှာ လုပ်နေရတဲ့ အလုပ်အတွက်... သူသိချင်တာလေးတွေ မေးလာတာလေး တခုကို ကျန်တဲ့ မသိသေးသူတွေ အတွက် ပြန်ှဝေမျှပေးလိုက်ပါတယ်...

ဒီတခါတော့ အရင် တုန်းက ရေးတဲ့ ပုံစံ မဟုတ်ပဲ...သူ မေးလာတဲ့ အတိုင်း ပြန်ဖြေထားတဲ့ မူရင်းပုံစံ နဲ့ ပြန်မျှဝေလိုက်ပါတယ်ဗျာ...

 

ayemyathida.enics: ကိုဇော်ထက်

 

zaw: ဗျာ

 

ayemyathida.enics: စာမေးလို့ရမလား

 

zaw: မေးစေသတည်း

 

ayemyathida.enics: အားမှပြောနော်

 

zaw: အားသလိုပဲ … ရပါတယ်

 

ayemyathida.enics: သီတာ VLAN တွေအကြောင်းနားမလည်လို့

 

zaw: အင်း … ဘာပြောပြရမလဲ

 

ayemyathida.enics: ဘာမှကိုမသိတာ … ဘယ်လိုမေးရမှန်းတောင်မသိ

                                 Network တစ်ခုမှာ VLAN တွေကိုဘာကြောင့်ခွဲရတာလဲ

 

zaw: ပြောပြမယ်

 

ayemyathida.enics: ဟုတ်

 

zaw: VLAN ကိုဖန်တီးရခြင်းအကြောင်းကတော့ Network Traffic တွေ လျှော့ချနိုင်ဖို့ရယ်.. Network size  

        ကိုလျှော့ချနိုင်ဖို့ရယ်အတွက် ပဲဖြစ်ပါတယ်တဲ့ သိပြီလားဗျာ

 

ayemyathida.enics: ဆက်မရှင်းတော့ဘူးလား

 

zaw: Broadcast domain တွေကိုလျှော့ချပေးရန် အတွက်လဲ VLAN ကိုသုံးရပါတယ်။

        သူ့ကို Switching Network တွေမှာ ဖန်တီးနိုင်တယ်။

        Layer 2 Switch နှင့် Layer 3 Switch တို့မှာပဲ VLAN ကိုဖန်တီးနိုင်ပါတယ်။

 

ayemyathida.enics: အော်

 

zaw: VLAN ဆိုတာ... Broadcast Domain တခုလည်း ဖြစ်ပါတယ်တဲ့ဗျာ

 

ayemyathida.enics: အခု သီတာတို့ရုံးမှာက layer 3 switch တွေသုံးနေတာ

 

zaw: အင်း … Layer 3 Switch ဆိုတာ တနည်းအားဖြင့် Router ပါပဲနော်

 

ayemyathida.enics: ဟုတ် … ဒါပေမဲ့ ကွဲတာတော့ရှိမှာပေါ့နော် … router နဲ့လေ

 

zaw: ကဲ.... ဘာသိချင်သေးလဲ

 

ayemyathida.enics: ဒါဆို VLAN တစ်ခု create လုပ်ချင်ရင်ဘာတွေလိုလဲ

 

zaw: VLAN ID

 

ayemyathida.enics: network တစ်ခုမှာ VLAN အများဆုံး ဘယ်နှစ်ခုလောက်လိုသလ

zaw: ဒါမပြောခင် အရင်ဆုံး VLAN ကို ဘယ်အခြေအနေမှာ သုံးရလဲ ပြောပြချင်တယ

ayemyathida.enics: ဟုတ်

 

zaw: LAN တခု မှာ Device 200 ကျော်လာပြီဆိုရင် VLAN လိုလာပြီ

       Boradcast Traffic တွေများလာရင် လိုလာပြီ

       Security ပိုလိုအပ်လာရင် လိုလာပြီ

      Physical Switch တခုမှာ Virtual Switch အများကြီး ဖန်တီးချင်ရင် လိုလာပြီ

      ကဲ...

      ဒီလောက်ဆိုရင် တွက်တတ်လောက်ပြီထင်တယ်

 

ayemyathida.enics: ဟီး

 

zaw: VLAN ID ဆိုတာ ပြောပြီးပြီနော်..

.

ayemyathida.enics: ဟုတ်

 

zaw: သူက 1 to 4096 ထိ ဖန်တီးလို့ရတယ်

 

ayemyathida.enics: ဟုတ်

 

zaw: ရပြီလား...

 

ayemyathida.enics: ဒါဆို VLAN အမျိုးအစားဘယ်နှစ်မျိုးလောက်ရှိလဲဟင

zaw: Cell-based VLAN ရယ်... Frame-based VLAN ရယ် ဆိုပြီး နှစ်ခုရှိတယ်

 

ayemyathida.enics: ဘယ်လိုတွေကွာတာလဲ

 

zaw: Broadband Network တွေ အတွက် ဆိုရင် တနည်းအားဖြင့် ATM Switched Network    

        တွေအတွက်ဆိုရင် Cell-based ကို သုံးတယ် Ethernet Network အတွက်ဆိုရင် Frame-based

        ကိုသုံးတယ်

 

ayemyathida.enics: အော် … အခုမှနည်းနည်း ရှင်းလာပီ

 

zaw: ကုန်ပြီ … ပြောစရာလည်း … မရှင်းလည်း မတတ်နိုင်တော့ဘူး

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable, pass it on then)

Web Hosting အကြောင်းသိကောင်းစရာ (၈)

ဒီအပိုင်းမှာ Hosting နဲ့ e-commerce ရဲ့ ဆက်စပ်ပုံလေး ပြောချင်ပါတယ်။

Online ပေါ်ကနေ product တခု ဒါမှမဟုတ် service တခု ကို ရောင်းတာကို e-commerce လို့ခေါ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာတော့ mobile phone ပေါ်ကနေ လုပ်ဖို့ ခြေလှမ်းတွေ ပြင်နေတာတွေ့ရပါတယ်။

m-commerce လို့ ပြောသံတော့ကြားဖူးပါတယ်။

 

E-commerce Systems

ကိုယ်ပိုင် e-commerce system တခုတည်ဆောက်မယ်လို့ ကြံစည်နေတယ်ဆိုရင် ပြောချင်တာကတော့ ဒါ အကြံအစည်ကောင်းတခု ဖြစ်ဖို့ အချိန်မဟုတ်သေးဘူးပဲ ပြောရမှာပဲ။

ဘာလို့လဲဆိုတော့ e-commerce system တခု ဟာ complicated process ဆိုတဲ့ ရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် ရှိနေတာရယ်... error တော်တော်များများ ကို ရင်ဆိုင်ရမှာမို့လို့ပါပဲ။

ဖြစ်သင့်တာကတော့ ready-to-use system တခု ဝယ်ပြီး ကိုယ့်ကိုယ်ပိုင် server ပေါ်မှာ run လိုက်တာက ပိုကောင်းပါတယ်။

ဒီနေ့ခေတ်မှာ ကိုယ့်ရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ order management and processing တွေ အတွက် cover ဖြစ်တဲ့ system တွေ အများကြီး ရှိနေပါပြီ။

ဒါပေမယ့် ... ကိုယ့်ကိုယ်ပိုင် web site နဲ့ ပဲ hosting ကို တောင် ရင်းနှီးကျွမ်းဝင်မှု မရှိပဲ e-commerce site တခု run ချင်တယ်ဆိုရင်တော့ အရင်ဆုံး အတွေ့အကြုံ စုဆောင်းစေချင်ပါတယ်။

အကောင်းဆုံးကတော့ ISP က ပေးတဲ့ e-commerce solution တခုကို ပဲရှာသုံးစေချင်ပါတယ်။

 

E-commerce and Hosting Providers

အပေါ်မှာ ပြောခဲ့သလိုပဲ e-commerce ဆိုတာ product or service တွေကို online ပေါ်ကနေ ရောင်းချတာပါ။ Range အများကြီးကို cover ဖြစ်ပါတယ်။

ISP အမျိုးမျိုးကနေ simple ကနေ complex solution အထိ system တွေကို ရှာဖွေရယူနိုင်ပါတယ်။

ISP အများစုကတော့  ရိုးရှင်းပြီး စျေးသက်သာတဲ့ solution မျိုးတွေကို ပေးထားတတ်ပါတယ်။ အဲ့လို solution မျိုးကနေ ကိုယ်က "virtual store" တခု run နိုင်တာပေါ့ဗျာ။

 

Your Checklist

ဟုတ်ပြီ... Online ပေါ်က တခုခု ရောင်းတော့မယ်ဆိုရင် Hosting Provider က အောက်က အချက်တွေကို ဘယ်လို စီမံပေးထားလဲဆိုတာ သိအောင် လုပ်ကြတာပေါ့...

ဒီလိုဗျ...

- customer

- product catalogs

- orders

- inventory

- back orders

- shipment

- accounts

- billing

- payment

- foreign currency

- credit cards

- taxes

- security

- integrity (encryption) စ တာတွေကို ဘယ်လို ပုံစံမျိုးတွေနဲ့ handle လုပ်လဲ ဆိုတာတွေကို သိအောင် လုပ်ထားသင့်ပါတယ်။

 

နောက်ပြီး time-consuming task တွေ လိုမျိုး ကိစ္စတွေမှာလည်း automated ဖြစ်ရဲ့လား ဆိုတာမျိုးအတွက် automated billing, invoice handling, accounting နဲ့ report generation စတာတွေကို လဲ စစ်ဆေးသင့်ပါသေးတယ်။

ဒီတော့ ရှေ့ပိုင်းမှာ ပြောခဲ့သလိုပါပဲ... Service Provider အမျိုးမျိုးရဲ့ service တွေကို စမ်းသပ်ကြည့်ပြီး ကိုယ်နဲ့ အဆင်ပြေဆုံးကိုပဲ ရွေးပေါ့ဗျာ။

 

Tax Issues

ဒါကလည်း အရေးကြီးတဲ့ အခန်း မှာ ပါတယ်ဗျ။

on-line store တွေအတွက် သူက ရှုပ်ထွေးတဲ့ ကိစ္စ တခု လည်းဖြစ်ပါတယ်။

အထူးသဖြင့် Value Added Tax ပေါ့...ကျွန်တော်တို့ နိုင်ငံမှာ ဒီအပိုင်း သိပ်မတွေ့ရပါဘူး။

(နိုင်ငံတော်တော်များများမှာတော့ VAT-Value Added Tax .... GST - Good and Service Tax ဆိုတာမျိုးတွေက နေရာတိုင်းလိုလိုမှာ ရှိပါတယ်)

Online က တခုခု ရောင်းပြီဆိုမှတော့ Door to Door စနစ်လိုမျိုး export လုပ်ရတာမျိုးတွေ ရှိလာပြီလေ...ဒီအတွက်ပါ charge ထည့်ရမှာပေါ့... ဒီလိုမျိုးကိုပဲ... Value Added Tax ခေါ်တယ်ပေါ့ဗျာ။

ဒီတော့ပြောချင်တာကတော့ ... online store တခုလုပ်တော့မယ်ဆိုရင် Tax ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ပြောချင်တာပါ။

 

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း သိပ်မဝေးတော့ဘူးလို့ ထင်ရတဲ့ အချိန်တခုမှာ e-commerce ဆိုတာကြီးဖြစ်လာတော့မယ်လို့ မြင်ပါတယ်...

လောလောဆယ်တော့ m-commerce နဲ့ စကြတာပေါ့ဗျာ...

e-commerce တို့ m-commerce တို့ကို လွန်ခဲ့တဲ့ ၁ နှစ်လောက်က ဖြစ်မယ်ထင်တယ် Myanmar Info-Tech မှာ Workshop တခုတုန်းက ကြားဖူးခဲ့ပါတယ်...

 

ကဲ... Web Hosting အကြောင်းကို ရေးလာတာ ဒီမှာ အဆုံးသတ်ပါပြီ...

အစကနေ အဆုံးထိ မငြီးမငွေ့လာဖတ်ကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။

 

ဒီ အကြောင်းကို ရေးနိုင်ဖို့ www.w3schools.com ကနေ Reference ယူထားရပါတယ်။

နောက်တခု က အပိုင်း(၇) မှာ ကျွန်တော်ပြောခဲ့ဖူးတဲ့ myanmartutorials ရဲ့ administrator ရေးထားတဲ့ Web Hosting တွေ အကြောင်းနဲ့ Web Site တခု အောင်မြင်ဖို့ လိုအပ်တဲ့ အကြောင်းတွေ ကို ထပ်ညွှန်းချင်ပါတယ်... အောက်က link တွေမှာ သွားဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

 

http://www.myanmartutorials.com/articles/hostings-and-me/

http://www.myanmartutorials.com/articles/how-to-choose-hosting/

http://www.myanmartutorials.com/articles/talk-at-myid-camp-1/

http://www.myanmartutorials.com/articles/talk-at-myid-camp-2/

 

 

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable,pass it on then)

Web Hosting အကြောင်းသိကောင်းစရာ (၇)

Hosting တွေဟာဆိုရင် Free, Shared or Dedicated ဆိုပြီးရှိပါတယ်။

Free Hosting
တချို့ ISP တွေက free web hosting ကို offer လုပ်ပေးပါတယ်။
Low traffic ပဲလိုအပ်တဲ့ site အသေးစားလေးတွေ ဖြစ်ဖြစ်တယ်ဆိုရင် Free web hosting က သင့်တော်ပါတယ်။ ဥပမာဗျာ...personal site မျိုးပေါ့။
High traffic ဖြစ်နိုင်တဲ့ real business မျိုးအတွက်တော့ မသုံးသင့်ဘူးပေါ့ဗျာ။
သူက Technical support limit ရှိတယ်။ Option လည်း နည်းတယ်ဗျ။
ကိုယ့်ရဲ့ own domain name ကို free hosting မှာ host လုပ်တာကိုတော့ ကျွန်တော် recommend မလုပ်ပါဘူး။
ဘာလို့လဲဆိုတော့ free host တွေက ဒါမျိုး http://www.freesite.com/users/~yoursite.htm မျိုးပေးမှာလေ။
ဒီတော့ Browser ရဲ့ URL address မှာ ရိုက်ထည့်ဖို့ ခက်ခဲမယ်။ ရှည်လျားမယ်။ မှတ်မိဖို့လည်း မလွယ်ဘူး။ နောက်ပြီး ဘိုလိုပြောရင် not very professional ပေါ့ဗျာ။
အောက်မှာ Good နဲ့ Bad ကိုယှဉ်ပြထားပါတယ်။

Good:                                                              
Low cost. It's free.                                             
Good for family, hobby or personal sites.           
Free email is often an option.                            
                                           
Bad:
No domain names.
Few, limited, or no software options.
Limited security options.
Limited or no database support.
Limited technical support.
                          
                                                                       

Shared (Virtual) Hosting
သူကတော့ ငွေကြေးပိုင်းအရ တော်တော်သက်သာတယ်ဗျ။
Shared hosting မှာ ကိုယ်ပိုင် domain name နဲ့ရတယ်။
Powerful server တွေပေါ်မှာ host လုပ်ထားမယ်။
တခုတော့ရှိတယ် တခြား web site တွေနဲ့ shared လုပ်ပြီးသုံးထားရတယ်ဆိုပါတော့။
Shared solution တွေဟာဆိုရင် e-mail,database နဲ့ different editing option များအစရှိတဲ့ multiple software solution များပေးတတ်ပါတယ်။
အောက်မှာ Good နဲ့ Bad ကို ယှဉ်ပြထားပါတယ်။

Good:                                                                     
Low cost. Cost is shared with others.                       
Good for small business and average traffic.              
Multiple software options.                                        
Own domain name.                                                  
Good support

Bad:
Reduced security due to many sites on one server.
Restrictions on traffic volume.
Restricted database support.
Restricted software support.


Dedicated Hosting
Dedicated server လို့ခေါ်တဲ့ ကိုယ့်အတွက် သီးသန့် server ပေါ်မှာ host လုပ်ထားတာကိုခေါ်တာပါ။
သူကတော့ most expensive ဗျ။
သူ့ရဲ့ option တွေကလဲ high traffic သုံးတဲ့ web site အကြီးကြီးတွေ အတွက် အသင့်တော်ဆုံးပါပဲ။
Special software တွေ သုံးတဲ့ web site တွေ အတွက်လဲ အသင့်တော်ဆုံးပါပဲ။
Dedicated hosting ကနေ very powerful and secure solution တွေ ကိုယ့်ဖက်ကနေ ရနိုင်တယ်လို့ ပြောလို့ဖြစ်တယ်ပေါ့ဗျာ။
နောက်ပြီး unlimited software solution တွေ လည်း ပါတာပေါ့။
အောက်မှာ Good နဲ့ Bad ကို ယှဉ်ပြထားပါတယ်။

Good:                                                   
Good for large business.                        
Good for high traffic.                             
Multiple domain names.      
Powerful email solutions.      
Powerful database support.      
Strong (unlimited) software support.


Bad:
Expensive.
Requires higher skills.

Collocated Hosting
"co-location" လို့ အဓိပ္ပာယ်ရပါတယ်။
သူ့ကိုကျွန်တော်နားလည်တာတော့ ကိုယ့် ကိုယ်ပိုင် web server ကို ISP မှာ သွားထားတာကိုပြောတာဗျ။
ဒီလိုသွားထားလိုက်တာက ကိုယ့် office မှာ ထားတာထက်တော့ ပိုကောင်းတာပေါ့ဗျာ။ ဘာတွေ ကောင်းလဲဆိုတာတော့ ရှေ့ပိုင်းတွေမှာ ပြောခဲ့ပြီးပါပြီ။
နောက်ပြီး ISP တွေမှာက high-security ရှိတယ်။ Fire protection, Good ventilation system, regulated backup power , dedicated internet connection စတဲ့ အားသာချက်တွေ အများကြီးရနိုင်တယ်လေ။
အောက်မှာ Good နဲ့ Bad ကိုယှဉ်ပြထားပါတယ်။

Good:                                   
High bandwidth.                  
High up-time.                        
High security.                       
Unlimited software options.

Bad:
Expensive.
Requires higher skills.
Harder to configure and debug.

Your Checklist
Web hosting မရွေးခင် အောက်က အချက်လေးတွေ ကို သေချာသိထားသင့်တယ်ဗျ။
- hosting site ဟာ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား
- cost effective type မျိုးလား
- ပိုကောင်းတဲ့ Server ပေါ်ကို upgrade လုပ်ဖို့ ဖြစ်နိုင်ရဲ့လား
- လိုအပ်လာရင် dedicated server ပေါ်ကို upgrade လုပ်မယ်ဆိုရင် ဖြစ်နိုင်ရဲ့လား။

ပြီးတော့ ရှေ့ပိုင်းမှာ ပြောခဲ့သလို ISP တွေရဲ့ service တွေကို စိတ်ကြိုက်စမ်းသပ်ပေါ့ဗျာ။
ပြီးမှ အဆင်အပြေဆုံးကို ရွေးပေါ့။

ဥပမာ အနေနဲ့ hosting တခုခုကို ပြပါဆိုရင် eUKhost ကို ပြပါမယ်

သူကတော့ United Kingdom မှာတော့ leading web hosting company တခုပါ။
သူက နေ အောက်က services တွေကို ပေးတယ်ဗျ...
- Shared hosting
- Reseller hosting
- VPS hosting
- Dedicated Servers
- 24/7/365 Support
အပေါ်က service တွေကို Linux and Windows platform တွေအတွက် ရနိုင်ပါတယ်။ cPanel/WHM, Plesk နဲ့ DotNetPanel တို့လို control panel တွေနဲ့ပေါ့ဗျာ။

ကဲ... ဒါကတော့ hosting type တွေ အကြောင်း အခြေခံသိထားသင့်တာလေးတွေပါ။
ဒီထက် ပိုသိချင်ရင်တော့ www.myanmartutorials.com မှာ Administrator ကိုယ်တိုင်ရေးထားတဲ့ hosting ရွေးချယ်ပုံတွေ အကြောင်းကို ညွှန်းချင်ပါတယ်။
တော်တော်လေးကိုပြည့်စုံပါတယ်။ မဖြစ်မနေ သွားဖတ်စေချင်ပါတယ်။
ဒီမှာပါ ...
http://www.myanmartutorials.com/articles/how-to-choose-hosting/
http://www.myanmartutorials.com/articles/hostings-and-me/

နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း(၈) မှာ e-commerce အကြောင်းရေးပါမယ်။

မှတ်ချက်။    ။ Web Developing လောကကိုစဝင်လာမယ့် beginner အတွက် ရေးထားခြင်းဖြစ်ပါတယ်။ လိုအပ်တာများရှိရင် ဝင်ရောက်ဖြည့်စွက်ပေးဖို့ တောင်းဆိုပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)