My Myanmar New Year Gifts for Myanmar IT Professionals

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
မနှစ်ကတော့ အပိုင်း (၈) ပိုင်း နဲ့ ရေးသားဖော်ပြခဲ့တဲ့ Web Hosting အကြောင်းသိကောင်းစရာများဆိုတာ ကို  eBook လေးအဖြစ်ပြောင်းပြီး လက်ဆောင်ပေးခဲ့ပါတယ်။
ဒီနှစ်မှာလည်း မနှစ်ကလို စာအုပ်အလှူ လုပ်ဖို့ ကြိုးစားပြီး user guide eBook (၂) အုပ်ရေးနေတာ မပြီးတဲ့ အတွက် တခြားလက်ဆောင် ပေးဖို့ပဲ စဉ်းစားလိုက်ရပါတော့တယ်။

တခြားထွေထွေထူးထူးတော့ မဟုတ်ပါဘူး... အသုံးတည့်မယ်လို့ ယူဆမိတဲ့ application သေးသေးလေးတွေကို စုစည်းပြီး တင်ပေးထားတာပါ။
ဒီ Application တွေ အားလုံးကို ကိုယ်တိုင် လက်တွေ့ သုံးပါတယ်။ အသုံးလည်း တည့်ပါတယ်။

ဘာတွေလဲဆိုတော့

(၁) Acronics True Image Portable Version

System တခုကို Image လုပ်ထားချင်တယ်ဆိုရင် Portable လေးက ပိုအဆင်ပြေတာပေါ့ဗျာ။ USB Storage လေးထဲကနေ Run လို့တောင် ရတယ်။
ဒီတော့ Running ဖြစ်နေတဲ့ Server လို ဟာမျိုးကို Image လုပ်မယ်ဆိုရင် သိပ်အဆင်ပြေတာပေါ့။

(၂) Advanced IP Scanner

Network/System ပိုင်းတွေကို ကိုင်တွယ်နေရတဲ့ IT သမားများအတွက်တော့ IP/MAC Address, Host Name စတာတွေကို တနေရာတည်းကနေ စုစည်းနိုင်ရင် ပိုကောင်းတာပေါ့။
ဒီ Application ကိုသဘောကျမိတဲ့ အချက်(၂) ချက်က ကိုယ် Manage လုပ်ရတဲ့ စက်တွေရဲ့ Wake-on LAN လေးကို Enable လုပ်ထားမယ်ဆိုရင် Remote Shutdown or Wake up လုပ်လို့ရတာပါပဲ။
နောက်ပြီး Manage လုပ်ရတဲ့ စက်ရဲ့ Resource တွေဖြစ်တဲ့ HTTP,HTTPS,FTP နဲ့ Shared Folder တွေကို Access လုပ်လို့ရပါတယ်။

(၃) Robocopy GUI

Robocopy ဆိုတာနဲ့ Network နဲ့ ပတ်သက်တဲ့ IT သမားများက Big File Size တွေကို Network မှာ Copy/Move လုပ်တာကို ပြေးမြင်ကြတော့မှာပါ။
ဒါလေးကတော့ GUI ဖြစ်တဲ့ အတွက် Command Line Interface နဲ့ မရင်းနှီးတဲ့သူတွေ၊ Keyboard ကို တချောက်ချောက်ရိုက်ရမှာ ပျင်းတဲ့ IT သမားတွေအတွက် အသုံးတည့်ကောင်းတည့်နိုင်မယ်လို့ယူဆမိပါတယ်။

(၄) Tree Size Free

ဒါလေးကတော့ တခြားဘယ်နေရာမှာ အသုံးတည့်သေးလဲ သေချာမသိပေမယ့်... Folder တခုရဲ့ အောက်မှာ Subfolder ဘယ်နှစ်ခုများ ရှိနေလဲ။ Permission တွေက ဘာတွေပေးထားတာလဲ။ Folder တခုချင်းစီရဲ့ Size က ဘယ်လောက်ရှိလဲ..စသည်ဖြင့် ကြည့်ပေးနိုင်တဲ့ Application ပါ။
အသုံးတည့်မယ်လို့ ယူဆပါတယ်။

(၅) WinAudit

အဖွဲ့အစည်းတခု ဒါမှ မဟုတ် Network တခုရဲ့ IT ပိုင်းကို ထိန်းကျောင်းနေရတဲ့ IT သမားအတွက် System တွေကို Audit လုပ်ရမယ့် တာဝန်ဆိုတာ မဖြစ်မနေလုပ်ရမယ့် အလုပ်ထဲမှာ ပါပါတယ်။
ဒီတော့ System တခုရဲ့ Hardware ပိုင်းဆိုင်ရာ အချက်အလက်တွေ၊ Software ပိုင်းဆိုင်ရာအချက်အလက်တွေကို ဒီ Application လေးသုံးပြီး စစ်မယ်ဆိုရင်...
တခြားနည်းတွေနဲ့ စစ်တာထက် အချိန်ကုန် လူသက်သာပြီး တိကျတဲ့ အချက်အလက်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။
WinAudit နဲ့ WinAuditUnicode ဆိုပြီး (၂) မျိုးပေးထားပါတယ်။ English Language အပြင်တခြား Language တွေကိုပါ အသုံးပြုချင်တယ်ဆိုရင်တော့ WinAuditUnicode ဆိုတာက သင့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်။


အောက်က Download Link များမှာ Download လုပ်ယူပါ။ တစုတစည်းထဲ စုစည်းထားချင်တာကြောင့် ကိုယ်ပိုင် Dropbox ကို upload တင်ပြီး ပြန်လည် ဝေမျှထားပါတယ်။ Download လုပ်ရတာ အခက်အခဲ ရှိခဲ့ပါက ခွင့်လွှတ်ပါ။

Download Acronics True Image Portable
Download Advanced IP Scanner
Download Robocopy GUI
Download Tree Size Free
Download WinAudit (or) Download WinAuditUnicode

စာဖတ်သူများ အပါအဝင် သတ္တဝါ အားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment