How to create Digital Signature by using Adobe Reader and webcam?
ဒီနေ့တော့ Adobe Reader နဲ့ Digital Signature လုပ်နည်းလေး ဝေမျှချင်ပါတယ်။
သိတဲ့အတိုင်း ယနေ့ခေတ်က Electronics Document တွေနဲ့ အလုပ်လုပ်ကြတဲ့အခါ Signature ကလဲ Electronics Signature ဖြစ်တော့ပိုကောင်းတာပေါ့ဗျာ။
သင့်အနေနဲ့ Electronics Document တခုကို Sign ထိုးဖို့လိုလာပြီဆိုပါတော့...Print ထုတ်မယ် Sign ထိုးမယ် ပြီးရင် Sign ထိုးထားတဲ့ Copy ကို Scan ဖတ်ပြီး Softcopy ပြန်ပြောင်းမယ်။
ကဲ...ဘယ်လောက်အလုပ်များလိုက်သလဲဗျာ။
အခုတော့ ဒါတွေကို အေးဆေးကျော်လွှားကြည့်ရအောင်။
တခုတော့ရှိပါတယ်။ ဒီနည်းလမ်းက pdf format document တွေအတွက်ပဲ အဆင်ပြေပါတယ်။
How to create Shared Mailboxes with GUI-based Tool in Exchange Online for Office 365?
Office 365 ရဲ့ Exchange Online မှာ Shared Mailbox create လုပ်တဲ့ အခါ Powershell Script တွေ မသုံးချင်တဲ့သူတွေအတွက် GUI application လေးသုံးပုံ ဝေမျှချင်ပါတယ်။
Powershell Script ကိုတော့ အပြည့်အဝ ရှောင်လို့မရပါဘူး။
ဒါပေမယ့် Mailbox create လုပ်တာရယ်။ Permission ပေးတာရယ်လောက်ကိုတော့ GUI နဲ့ လုပ်လို့ရတာပေါ့ဗျာ။
ကဲ...စလိုက်ရအောင်။
How to reset a lost password on a Fortigate unit?
Fortigate Administrator Password မေ့သွားတဲ့အခါ Reset လုပ်ပုံလေး ဝေမျှချင်ပါတယ်။
၁) Console cable ကို Fortigate Unit နှင့် Computer မှာ ချိတ်ဆက်ပါ။
၂) Putty or Hyperterminal လို Terminal Emulator တခုခု ကို Computer မှာ Run ထားပါ။
၃) Fortigate Unit ကို Reboot လုပ်ပါ။ Login Prompt ပေါ်လာရင် username နေရာမှာ "maintainer" လို့ရိုက်ထည့်ပြီး password နေရာမှာ "bcpb+Fortigate Unit Serial Number" ကို ရိုက်ထည့်ပါ။
(ဥပမာ - bcpbFGT60C3G10014505)
ဒီအဆင့်မှာ သင့်အနေနဲ့ ၁၄ စက္ကန့် ပဲ အချိန်ရတဲ့အတွက် bcpd နဲ့ စတဲ့ Fortigate Serial Number ကို Notepad လို Text Editor မှာ ကြိုတင်ရေးထားပြီး Copy & Paste လုပ်ဖို့ အကြံပေးလိုပါတယ်။
၄) အဆင့် ၃ ပြီးပြီဆိုရင် သင့် Admin password ကို Command Windows ထဲမှာ အောက်ပါ အတိုင်း ရိုက်ပြီး ပြောင်းနိုင်ပါပြီ။
" config system admin
edit %user%
set password %password%
end "
%user% နေရာမှာ Administrator ရဲ့ username ထည့်ပါ။
%password% နေရာမှာ မိမိ ပြောင်းချင်တဲ့ password ထည့်ပါ။
ကဲ...Fortigate Unite Administrator Password Reset လုပ်ခြင်း ပြီးပါပြီ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable pass it on then)
How to extend your Windows trial period?
IT သမားတယောက်အနေနဲ့ အသစ်ထွက်လာတဲ့ Windows တိုင်းကို Virtual Machine ပေါ်မှာ တင်ပြီး စမ်းကြည့်ကြရပါတယ်။
ဒီလိုစမ်းသပ်ဖို့ အတွက် Trial Version တွေသုံးတဲ့အခါ ရက်အကန့်အသတ် တခုထိပဲသုံးခွင့်ရှိပါတယ်။
အများအားဖြင့် System အသစ်တခုကို သေချာလေ့လာဖို့အတွက် Trial Period က လုံလောက်မှုမရှိပါဘူး။
ဒီတော့ Trial Period ကို Extend လုပ်ပုံလေး ဝေမျှချင်ပါတယ်။
ကျတော်ကတော့ ဒီမှာ Windows Server 2012 နဲ့ လုပ်ပြထားပါတယ်။
ပထမဆုံး Windows ရဲ့ Command Prompt ကို Run as Administrator နဲ့ Run ပါ။
Command Prompt Windows ထဲမှာ
slmgr.vbs -dli or slmgr /dli ( လက်ရှိ License Information ကို စစ်ဆေးရန်)
slmgr.vbs -dlv or slmgr /dlv (လက်ရှိ License Information ကို detail စစ်ဆေးရန်)
slmgr.vbs -rearm or slmgr /rearm (Windows License ကို re-activate လုပ်ရန်)
အပေါ်က command ၃ ကြောင်း run ပြီးလျှင် Windows ကို Restart လုပ်ပြီး Re-activate ပြန်လုပ်ပါ။
တချို့ Windows တွေမှာ Activation Key ထည့်စရာမလိုတဲ့အတွက် Trial period extend လုပ်ပြီးသားဖြစ်နေပါလိမ့်မယ်။
တခုတော့ ရှိပါတယ် ... Trial Period မကျော်ခင် Extend လုပ်ဖို့လိုပါတယ်။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
What will you do if your Outlook not sync with your Google Apps after turn on 2-step verification?
ဒီနေ့ ကြုံရတာလေးပါ။
Google Apps နဲ့ Outlook ချိတ်သုံးတဲ့ Customer Company က user တယောက်ရဲ့ Outlook မှာ email အဝင် အထွက် မရတော့လို့ သွားကြည့်ပေးရပါတယ်။
Outlook ကို ဖွင့်လိုက်တာနဲ့ POP/SMTP Server login page ပေါ်ပြီး password ထည့်ခိုင်းတာ ပဲ ပေါ်ပေါ်လာပါတယ်။
User ပေးတဲ့ password ကို ထည့်တော့လဲ မရပါဘူး။
ဒါနဲ့ သေချာအောင် user ကို မေးတော့မှ အရင်အပတ်က သူ့ Google Apps ကနေ Google Mail ကို 2-step verification ပြောင်းလိုက်တယ်ဆိုတာ ကို ပြောပြပါတယ်။
ဒီတော့မှ အဖြေရှင်းပါတော့တယ်...
2-step verification ပြောင်းလိုက်တာနဲ့ Outlook က အလုပ်မလုပ်တော့ပါဘူး...
ဘာလို့လဲ ဆိုတော့ သူ့ Outlook မှာ သုံးထားတာက ပထမအဆင့် password ဖြစ်နေလို့ပါ။
ဒီတော့...ဒုတိယအဆင့် password မရှိပဲ Outlook က သုံးမရပါဘူး။
ဒုတိယ အဆင့် password ကို Google Mail ကနေ Generate လုပ်ပြီးမှ ရလာတဲ့ Password ကို Outlook မှာ ပြန် update လုပ်ရပါတယ်။
ဒါမှသာ Outlook သုံးလို့ရမှာပါ။
ဒုတိယ အဆင့် password ကို အောက်ပါ နည်းအတိုင်း Generate လုပ်နိုင်ပါတယ်။
အောက်ပါ လင့်ကို သွားပါ။
https://www.google.com/accounts/IssuedAuthSubTokens
username , password ထည့်ပြီး login ဝင်ပါ။
အောက်ပါ ပုံအတိုင်း page ပေါ်လာရင်
Generate Password ကို နှိပ်ပါ။ ပေါ်လာတဲ့ password ကို ကူးပြီး Outlook မှာ update လုပ်ပါ။
ဒါဆို Outlook ပြန်သုံးလို့ရပါပြီ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
Subscribe to:
Posts
(
Atom
)