Resolving vCenter unable to synchronize with hosts and all VMs become orphaned error

မနေ့က ကျတော့် vCenter မှာ အောက်က ပြထားတဲ့ ပုံထဲကလို error ပေါ်လာပါတယ်။
VM တွေအားလုံးကတော့ အလုပ်ပုံမှန်လုပ်နေပါတယ်။ Host တခုချင်းစီ ဝင်ကြည့်ရင်လဲ အားလုံး ပုံမှန်ပါပဲ။



vCenter ကနေ ဝင်ကြည့်ရင်သာ အခုလို မျိုး error တက်နေတာပါ။
vSphere Client , Browser ၂ မျိုးလုံးမှာ အပေါ်က error တက်နေတာပါ။

vCenter Server ကနေ host တခုချင်းစီကို PING ကြည့်ပါတယ်။
IP နဲ့ ဆိုရင် Reply ရပြီး Name နဲ့ဆိုရင် Reply မရပါဘူး။

သေချာပါပြီ vCenter က host name ကို resolve မလုပ်နိုင်တာပါ။

vCenter ရဲ့ DNS Cache ကို flush လုပ်ပြီး Restart ချလိုက်ပါတယ်။

ပြန်ဝင်ကြည့်တဲ့အခါ ပုံမှန်အတိုင်း host အားလုံးကို synchronize လုပ်လို့ရသွားပြီး VM တွေလဲ ပုံမှန်အခြေအနေ ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။

အခုလို error မျိုးဖြစ်ဖို့ ဖြစ်နိုင်ချေ အများကြီး ရှိပါတယ်။ အဲဒီထဲက ကျတော့်လို အခြေအနေ ကြုံရင် ချက်ချင်းရှင်းနိုင်ဖို့ ဝေမျှပေးလိုက်တာပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

How to solve VMware View Virutal Machine deployment fails with a purple diagnostic screen and the error: PF Exception 14 - GFCPutSectionHeader (2076931)?

VMware View deploy လုပ်ထားတဲ့ VMware ESXi 5.5 Hypervisor တွေမှာ အောက်ကလို Purple Diagnostic Screen နဲ့ System Logs မျိုးကို တွေ့ရင် ဘာလုပ်ကြမလဲဗျ။



Logs:
2015-01-06T15:09:07.842Z cpu3:32848)@BlueScreen: #PF Exception 14 in world 32848:CmdCompl-3 IP 0x41802f0a5db1 addr 0x6c
PTEs:0x88cf47e023;0x88cf47f023;0x8077b72023;0x0;
2015-01-06T15:09:07.842Z cpu3:32848)Code start: 0x41802e400000 VMK uptime: 137:10:13:26.272
2015-01-06T15:09:07.843Z cpu3:32848)0x41240141da00:[0x41802f0a5db1]GFCPutSectionHeader@esx#nover+0x1 stack: 0x41240141da80
2015-01-06T15:09:07.843Z cpu3:32848)0x41240141daa0:[0x41802f0b7332]SEResource_UnlockResources@esx#nover+0x13a stack: 0x41240141dae0
2015-01-06T15:09:07.843Z cpu3:32848)0x41240141dac0:[0x41802f0bb60d]SETxnGTEFaultCleanupCompletionArgs@esx#nover+0x65 stack: 0x0
2015-01-06T15:09:07.844Z cpu3:32848)0x41240141db00:[0x41802f0bb65e]SETxnGTEFaultCompletion@esx#nover+0x4e stack: 0x410a7bd54cc0
2015-01-06T15:09:07.844Z cpu3:32848)0x41240141db40:[0x41802f0ace4f]SESparseCheckAndReleaseLocks@esx#nover+0x10b stack: 0x41240141dbc0
2015-01-06T15:09:07.844Z cpu3:32848)0x41240141db70:[0x41802f0afa6f]SESparseAsyncDataDone@esx#nover+0x43 stack: 0x4132c1e7d2c0
2015-01-06T15:09:07.845Z cpu3:32848)0x41240141dba0:[0x41802e42d29f]AsyncPopCallbackFrameInt@vmkernel#nover+0xe7 stack: 0x410c3f360fb0
2015-01-06T15:09:07.845Z cpu3:32848)0x41240141dbd0:[0x41802e6ce2c2]FS_IOAccessDone@vmkernel#nover+0x56 stack: 0x412ec00e8b18
2015-01-06T15:09:07.845Z cpu3:32848)0x41240141dc00:[0x41802e42d29f]AsyncPopCallbackFrameInt@vmkernel#nover+0xe7 stack: 0x412ec1b31480
2015-01-06T15:09:07.846Z cpu3:32848)0x41240141dc30:[0x41802e42d48f]AsyncCompleteOneIO@vmkernel#nover+0x16b stack: 0x412ec23e6080
2015-01-06T15:09:07.846Z cpu3:32848)0x41240141dc60:[0x41802e42d29f]AsyncPopCallbackFrameInt@vmkernel#nover+0xe7 stack: 0x41240141dc90
2015-01-06T15:09:07.846Z cpu3:32848)0x41240141dc90:[0x41802e6fe241]FDSAsyncTokenIODone@vmkernel#nover+0xdd stack: 0x1022
2015-01-06T15:09:07.847Z cpu3:32848)0x41240141dd90:[0x41802e7214c3]SCSICompleteDeviceCommand@vmkernel#nover+0x46f stack: 0x410a7bd32488
2015-01-06T15:09:07.847Z cpu3:32848)0x41240141ddc0:[0x41802ed0bebe]nmp_CompleteCommandForDevice@com.vmware.vmkapi#v2_2_0_0+0x82 stack:
2015-01-06T15:09:07.847Z cpu3:32848)0x41240141ded0:[0x41802ed0c18e]nmp_CompleteCommandForPath@com.vmware.vmkapi#v2_2_0_0+0x12a stack: 0
2015-01-06T15:09:07.848Z cpu3:32848)0x41240141df60:[0x41802e742475]SCSICompletePathCommand@vmkernel#nover+0x2a5 stack: 0x41240141dfa0
2015-01-06T15:09:07.848Z cpu3:32848)0x41240141dfd0:[0x41802e7552c0]SCSICommandCompletionWorld@vmkernel#nover+0x19c stack: 0x0
2015-01-06T15:09:07.848Z cpu3:32848)0x41240141dff0:[0x41802e653532]CpuSched_StartWorld@vmkernel#nover+0xfa stack: 0x0
2015-01-06T15:09:07.853Z cpu3:32848)base fs=0x0 gs=0x418040c00000 Kgs=0x0

ဘာမှ ထွေထွေထူးထူး လုပ်စရာမလိုပါဘူး။
VMware က ပြောထားပြီးသားပါ Known Issue ပါတဲ့။ VMware ESXi 5.5 Patch 1 version အားလုံးမှာ ဖြစ်တဲ့ Error ပါတဲ့။
ဖြေရှင်းဖို့ အတွက် ESXi 5.5 Patch 02 ကို update လုပ်လိုက်ရုံပါပဲတဲ့ဗျာ။

အသေးစိတ်သိချင်ရင် ဒီမျာသာ သွားဖတ်ပေတော့ဗျို့ ။

http://kb.vmware.com/selfservice/microsites/search.do?language=en_US&cmd=displayKC&externalId=2076931

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Time Domain Reflectometer (TDR) for Network Professional

Network Engineer/Administrator တယောက်အနေနဲ့ Patch Panel နဲ့ Switch, Switch to Switch, Patch Panel နဲ့ Host ကြားက Cabling ပြဿနာတွေနဲ့ ရံဖန်ရံခါ ကြုံတွေ့ရနိုင်ပါတယ်။

ဒီပြဿနာမျိုးကြံုတဲ့အခါ အမြဲတမ်းလိုလို Cabling Contractor ကို ခေါ်ရှင်းနေဖို့လွယ်ကူတာတော့ မဟုတ်ပါဘူး။

Switch  ပြဿနာလား၊ Port ရဲ့ ပြဿနာလား Cable ကြောင့်ဖြစ်တာလား ဆိုတာကို ကိုယ့်ဖက်က ရေရာသေချာအောင် အရင်စမ်းသပ်ထားဖို့လိုပါတယ်။

Switch နဲ့ physical layer (Layer 1) ပြဿနာတွေကို သိအောင် လုပ်ဖို့အတွက်ကတော့...

show interface
show interface counters
show interface counters errors စတဲ့ Command တွေကို သုံးပြီး error ရှာနိုင်ပါတယ်။

ဒါတွေအပြင် Time Domain Reflectometer (TDR) ဆိုတဲ့ Cable Short ဖြစ်နေလား, Open contact ဖြစ်နေလား, Loose Contact ဖြစ်နေလားဆိုတာကို Testing လုပ်တဲ့ နည်းလမ်းလေး ဝေမျှချင်ပါတယ်။

စမ်းသပ်ပုံကတော့ မိမိစမ်းသပ်လိုတဲ့ Switch Port မှာ အောက်က command run ပေးပြီး result ကို စစ်ဆေးတာပါ။

test cable tdr interface port number

show cable-diagnostics tdr interface port number

နမူနာပြထားတဲ့ ပုံကို ကြည့်ရင် ရှင်းပါလိမ့်မယ်။





FastEthernet ကို စစ်တာဆိုရင် Pair A , Pair B ဟာ Normal ဖြစ်ရပါမယ်။
GigabitEthernet ကို စစ်တာဆိုရင် Pair အားလုံး Normal ဖြစ်ရပါမယ်။

Short, Open , Impedance Mistmatched ဆိုတာကို မြင်ရရင်တော့ Cable , Patch Panel တို့ကို စစ်ဖို့လိုပြီပေါ့ဗျာ။

ကဲ ဒီလောက်ဆိုရင် TDR ရဲ့ အခြေခံကို သိလောက်ပြီလို့ ယူဆပါတယ်။

ကျတော် ပြထားတာက Cisco Switch မှာဆိုပေမယ့် တခြား Network Device တွေဖြစ်တဲ့ Juniper, HP, Dell စတဲ့ Device တွေမှာလဲ ဒီ feature ကို သုံးလို့ရပါတယ်။

ဘယ်လို အခြေအနေတွေကို စစ်ဆေးနိုင်လဲ၊ ဘယ် Cisco Switch Model တွေမှာ သုံးလို့ရလဲ စတာတွေကို အသေးစိတ်ကို လေ့လာချင်ရင်တော့ ဒီ လင့် https://supportforums.cisco.com/document/74231/how-use-time-domain-reflectometer-tdr မှာ သွားဖတ်နိုင်ပါတယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

Deploying Legal Notice Logon Banner in Domain Computers

Audit purpose အရဖြစ်ဖြစ်၊ Standard Organazation Policy အရ Domain Computer တွေအားလုံး ရဲ့ Logon မှာ Legal Notice/Warning of Usage Message ပြပေးထားဖို့လိုအပ်ပါတယ်။

Logon Script/Group Policy တွေကို သုံးပြီး Automatic Deploy လုပ်လို့ရပါတယ်။

Group Policy နည်းလမ်းက ပိုမိုလွယ်ကူပြီး manage လုပ်ရတာ အဆင်ပြေတဲ့အတွက် နည်းလမ်းလေး ပြန်လည်ဝေမျှလိုက်ပါတယ်။

ပထမဆုံး Server ရဲ့ Group Policy Management ကိုဖွင့်ပါ။ ပုံမှာ ပါသလို Group Policy Objects ကနေ တဆင့် Policy အသစ်တခုဖန်တီးပါမယ်။
ရှိပြီး သား Policy ထဲမှာ ထပ်ထည့်လဲ ရပါတယ်။ ဒီမှာတော့ သီးသန့် manage လုပ်ချင်လို့ သီးသန့် ဖန်တီးမှာပါ။



ရလာတဲ့ policy object ကို edit လုပ်ပါမယ်။


ပုံမှာ ပြထားလို Computer Configuration>Windows Settings>Security Settings>Security Options> ကိုသွားပြီး Interactive logon: Message tesxt for users ... ဆိုတာကို Define လုပ်ပါ။ မိမိ ပေါ်စေချင်တဲ့ စာသားများကို ထည့်ပါ။ OK နှိပ်ပါ။



Interactive logon: Message title for users attempting... ဆိုတာကို Define လုပ်ပြီး Title Message ကို ထည့်ပါ။ OK နှိပ်ပါ။


ပြီးရင် မိမိ deploy လုပ်ချင်တဲ့ OU နဲ့ Link လုပ်ပါ။



ချက်ချင်း effect ဖြစ်ချင်ရင် Policy ကို Force Update လုပ်ပါ။ ဒါမှမဟုတ် policy refresh ဖြစ်တဲ့အချိန်ထိ စောင့်ဆိုင်းနိုင်ပါတယ်။
အောက်မှာတော့ နမူနာ Logon banner ကို မြင်ရမှာပါ။
နမူနာပြဖို့အတွက် Windows Server 2008 R2 Standard ကို ကျတော်သုံးထားပါတယ်။


ကဲ...ဒါပါပဲဗျာ။
ပျော်ရွှင်ပါစေ။
(Be knowledgeable,pass it on then)

Upgrading IOS in Cisco Switch

Network Administrator/Engineer တယောက်အနေနဲ့ လုပ်ငန်းလိုအပ်ချက်တွေ အရ Network Device တွေရဲ့ OS တွေကို Upgrade လုပ်ရပါတယ်။

အခုမှ စပြီး လုပ်ငန်းခွင်ဝင်ပြီး Cisco Device တွေနဲ့ အလုပ်လုပ်နေရမယ့်သူတွေ နဲ့ IOS Upgrade မလုပ်ဖူးသေးတဲ့သူတွေ အတွက် အတွေ့အကြုံလေးကို ဝေမျှချင်ပါတယ်။

Cisco Device တွေရဲ့ IOS ကို Upgrade မလုပ်ခင် သိထားသင့်တာလေးတွေနဲ့ ပြင်ဆင်သင့်တာတွေရှိပါတယ်။

- မိမိ Device အတွက် လိုအပ်တဲ့ IOS License ရှိရပါမယ်။
- လက်ရှိ Running Configuration နဲ့ IOS ကို Backup လုပ်ထားရပါမယ်။
- Backup နှင့် New IOS ကို Store လုပ်ထားဖို့ Local/Remote TFTP Server/FTP or SFTP Server ရှိထားရပါမယ်။
- Device Model တူ Spare တစ်လုံး အသင့်အနေအထားရှိထားသင့်ပါတယ်။ ရှိထားရင်ကောင်းပါတယ်။ ဒါမှ တစုံတခု လွဲချော်ခဲ့ရင် ချက်ချင်း အစားထိုးနိုင်မှာပါ။
- Maintenance Windows တခု ထားပြီး လုပ်သင့်ပါတယ်။ ဘယ်လောက်ပဲ အတွေ့အကြံုကောင်းတွေရှိရှိ Production Run နေချိန်မလုပ်သင့်ပါဘူး။
- Upgrade လုပ်မယ့် IOS ကို Download မလုပ်ခင် Tech Notes, Bugs စတာတွေကို သေချာဖတ်ထားသင့်ပါတယ်။ ဒါမှသာ Port တွေ Error Disable ဖြစ်သွားတာတို့ ဘာတို့ စတဲ့ ပြဿနာတွေကို ကြိုသိပြီး ဖြေရှင်းဖို့ ပြင်ဆင်ထားနိုင်မှာပါ။
- Device ရဲ့ Role နဲ့ Function ကို သေချာသိပါစေ။ ဥပမာ VTP Server အနေနဲ့ Run နေတဲ့ Switch ဆိုရင် သင်တခုခုမှားယွင်းတာနဲ့ သင့် VTP Domain ကို ကမောက်ကမ ဖြစ်စေမှာ မလွဲပါဘူး။

ကဲ ဒီအပေါ်က အချက်တွေ ပြည့်စုံပြီဆိုရင်တော့ စ လိုက်ရအောင်ဗျာ။

Cisco Catalyst 3560 PoE Switch တစ်လုံးကို IOS Upgrade လုပ်ပြပါမယ်။
လက်ရှိ Run နေတဲ့ IOS က SSH ကို support မလုပ်တာကြောင့် SSH support လုပ်တဲ့ Version ကို upgrade လုပ်မှာပါ။ Crypto Image လို့ ခေါ်ပါတယ် Image Name မှာ Crypto နဲ့ K9 ဆိုပြီးပါတာကို သတိထားမိမှာပါ။

ကဲ စပါပြီ။

- Switch ရဲ့ လက်ရှိ IOS Version ကို စစ်ပါမယ်။ ပုံ နမူနာပြထားပါတယ်။ အနီရောင်နဲ့ ဘောင်ခတ်ပြထားတာကို သတိထားစေချင်ပါတယ်။
   "show version"


- Flash Memory Space ကို စစ်ပါမယ်။   ဒီအဆင့်မှာ IOS အဟောင်းကို နောက်ပိုင်းမှာ နေရာလွတ် ရဖို့ အတွက် ဖျက်ပစ်ဖို့  လိုကောင်းလိုနိုင်ပါတယ်။
   အနီရောင်နဲ့ ဘောင်ခတ်ပြထားတာကို သတိထားစေချင်ပါတယ်။
 "show flash"


- Cisco Software Download Page ကို သွားပြီး Cisco ID / Password သုံးပြီး Login ဝင်ပါ။
  မိမိ Switch Model နဲ့ IOS Download Page ကို သွားပါ။
  ပုံမှာပြထားသလို မိမိလိုအပ်ချက်နဲ့ ကိုက်ညီမယ့် IOS ကို Download လုပ်ပါ။ (License, DRAM/Flash တွေ ကိုက်ညီဖို့ ကို ဂရုစိုက်ပါ။ IOS File Size, MD5 Hash Value များကို မှတ်သားထားပါ။ နောက်ပိုင်းမှာ ပြန်စစ်ဖို့ လိုပါလိမ့်မယ်။)



- Download လုပ်ပြီးတဲ့ IOS ကို TFTP / FTP / SFTP server ပေါ်ကို Copy ကူးတင်ထားပါ။ ဒီမှာတော့ Remote TFTP server ကို သုံးပြထားပါတယ်။ (TFTP Server setup လုပ်ပုံကို အလျင်းသင့်ရင် ရေးပါအုံးမယ်။)
 

- ပြီးတာနဲ့ Switch ကို Console Session ဝင်ပြီး New IOS ကို TFTP Server ကနေ Copy လုပ်ပါ။ ပုံမှာ ပြထားပါတယ်။
   "copy tftp flash"



- Copy လုပ်တာပြီးပြီဆိုရင် အဆင့် ၃ မှာ မှတ်ထားတဲ့ MD5 Hash Value ကို တိုက်စစ်ပါမယ်။ မိမိ ကူးယူထားတဲ့ IOS မှန်မှန်ကန်ကန် Switch Memory ထဲကို ရောက်မရောက် သိဖို့ပါ။ ပုံမှာ ကြည့်ပါ။
  "verify /md5 flash: put new ios image file name with file extension here"



- MD5 Hash Value စစ်ဆေးမှု မှန်ကန်တယ်ဆိုရင် Old IOS မှ Booth Path ကို New IOS ကို ပြောင်းပေးပါမယ်။ ပုံမှာ ကြည့်ပါ။
  "boot system flash: put new ios image file name with file extension here"


- နောက်ဆုံးအနေနဲ့ Running Configuration ကို Startup configurtion ပေါ်တင်ပါမယ်။ ပုံမှာကြည့်ပါ။
  "copy running-config startup-config" or "write memory" or "write"


- အားလုံးပြီးရင်တော့ Reload လုပ်ကြည့်ပါ။ အထက်ပါ အဆင့်တွေ မှန်ကန်ခဲ့မယ်ဆိုရင် သင့် Device ကောင်းမွန်စွာ Boot ပြီး အလုပ်လုပ်နေတာကို တွေ့ရပါမယ်။

ကျတော် သေချာပြောပြဖို့ ကျန်ခဲ့တာလေးတွေရှိပါတယ်။
- IOS License အကြောင်းရယ်
- Flash Memory မလောက်ရင် ရှိပြီးသား IOS ကို ဖျက်ပြီး New IOS ကို တင်တာရယ်
- tar format လိုမျိုး Extract လုပ်ပြီး ကြည့်မှ မြင်နိုင်တဲ့ IOS Image Booth Path ကို "show booth" command သုံးပြီးကြည့်တာရယ်
- TFTP လို Server Setup လုပ်ပုံရယ် တွေပါ။

IOS Image ရွေးချယ်တာ သိချင်ရင် ဒီလင့်မှာ http://www.ictformyanmar.com/2014/03/what-is-different-ip-base-and-ip.html IOS Image တွေအကြောင်း ကျတော်ရေးထားပါတယ်။

Switch နဲ့ နမူနာပြထားပေမယ့် Router/ Firewall တွေကို Upgrade လုပ်တဲ့အခါ လဲ Step တွေ သိပ်ကွဲပြားမှု မရှိပါဘူး။

ဒါပေမယ့် သုံးထားတဲ့ Device ရဲ့ Role ပေါ်မူတည်ပြီး အနည်းငယ်ရှုပ်ထွေးပါတယ်။ လိုအပ်ချက်နဲ့ ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းတွေ ပိုမိုများပြားပါတယ်။

အလျင်းသင့်ရင် ဒီထက်ပိုပြီး အသေးစိတ်ရေးပါအုံးမယ်။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)