Brainstorming ...

Brainstorming ဆိုတာ Brain ဆိုတဲ့စကားလုံးနဲ့ Storm ဆိုတဲ့စကားလုံး
နှစ်ခုကို ပေါင်းစပ်ပြီးပေါ်လာတဲ့ ဝေါဟာရတခုပါ။
Brainstorming ဆိုတာ ပြဿနာတခုအတွက် ဖြေရှင်းနည်းတခုရလာဖို့ သတ်မှတ်ထားတဲ့
စည်းမျဉ်းတွေထဲမှာပဲ လူတွေအဖွဲ့ဖွဲ့ပြီး တယောက်ချင်းစီရဲ့
အတွေးအခေါ်အကြံဉာဏ် တွေကို ဖော်ထုတ်ရှာဖြွေကတာကို ခေါ်တာပါ။

Brainstorming လုပ်မယ်ဆိုရင် တော့ Rule လေးတွေ ရှိတယ်ဗျ...
၁။ No Criticizing
တယောက်ယောက်ကပေးလာတဲ့ အကြံဉာဏ်၊ အတွေးအခေါ်ကို အပြစ်မရှာရပါဘူး။
အပြစ်ရှာခြင်းဟာ ဒီနေရာမှာတော့ အကြံဉာဏ် တွေ ထွက်ပေါ်လာခြင်းကို
အဟန့်အတားဖြစ်စေလို့ပါ။
၂။ Quantity Over Quality
Brainstorming လုပ်တဲ့နေရာမှာ အချိန်တိုအတွင်းမှာ အကြံဉာဏ်
အမြောက်အမြားကို ဖော်ထုတ်နိုင်အောင်ကြိုးစားရပါမယ်။ အကြံဉာဏ်
အများကြီးထဲကနေ အကောင်းဆုံး ပြဿနာဖြေရှင်းနည်းကို ရနိုင်တယ်လေ။
၃။ No Constraints
Brainstorming လုပ်ပြီဆိုရင် ဘာကိုတော့
ဆွေးနွေးလို့ရတယ်...ဘယ်အကြောင်းတော့ထည့်သွင်း ဆွေးနွေးခြင်းမပြုရဆိုတဲ့
ကန့်သတ်ချက်မျိုး မရှိရပါဘူး။ ကန့်သတ်ချက်တွေ ဟာ အကြံဉာဏ်တွေ
ဖောက်ထွက်လာဖို့ အတားအဆီးတခုပါပဲ။
၄။ Combine and piggyback
လိုအပ်လာရင် အကြံဉာဏ် နှစ်ခု ကိုပေါင်းစပ်လို့ဖြစ်စေ၊ တယောက်ထဲက
ထွက်လာတဲ့ အကြံဉာဏ်ကို ထပ်ပေါင်းပြီး အကြံဉာဏ် အသစ် တခု
ထုတ်တာမျိုးလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တကယ် အသုံးတည့်တဲ့
အကြံဉာဏ် အသစ် တခု ရလာနိုင်ပါတယ်။
ကဲ ဒါလေးတွေကတော့ Brainstorming လုပ်မယ်ဆိုရင် လိုက်နာရမယ့် အခြေခံ
စည်းမျဉ်းလေးတွေပါပဲ။

နောက်တခုရှိသေးတယ်ဗျ Brainstorming ကိုဘယ်နေရာမှာ လုပ်မှာလဲ။ ဘယ်သူတွေ
ပါဝင်သင့်လဲ... စတာတွေ လိုပါသေးတယ်။
- အနည်းဆုံး အဖွဲ့ဝင် (၅) ယောက်က နေ (၈) ယောက် အထိ ပါဝင်သင့်ပါတယ်။
- ပါဝင်ဆွေးနွေးမယ့် အဖွဲ့ဝင် တိုင်းက တူညီတဲ့ ရာထူး
အဆင့်အတန်းရှိရပါမယ်။ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ရှိသူတြွေဖစ်ရပါမယ်။
- ဆွေးနွေးမယ့် အခန်းဟာ အဖွဲ့ဝင် အား လုံး အတွက် ကိုယ်၊စိတ် သက်တောင့်
သက်သာ ရှိနိုင်တဲ့ Conference Room လို အခန်းမျိုး ဖြစ်ရပါမယ်။
- အဖွဲ့ကို ဦးဆောင်မယ့်သူ ဟာ အဖွဲ့ဝင်အားလုံး စိတ်ပိုင်းဆိုင်ရာ အေးဆေး
သက်သာ ရှိပြီး လွတ်လပ်တဲ့ စိတ်အခြေအနေ တခု ရရှိနိုင်သော ပတ်ဝန်းကျင် တခု
ဖြစ်လာအောင် ဖန်တီးပေးနိုင်ရပါမယ်။
- ဆွေးနွေးတဲ့ အချိန်က (၁) နာရီ ကျော်လာပြီဆိုရင် ခဏ တော့ အနားပေးရပါမယ်။

ဒါလေးတွေကတော့ Brainstorming တခုလုပ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့်
အခြေခံအချက်အလက်တွေပါပဲ။

Brainstorming Method ကို အခြေခံထားတဲ့ Gordon Method , KJ Method
တို့လည်း ပြဿနာတခုကို ဖြေရှင်းဖို့ နည်းလမ်းတွေ အနေနဲ့ရှိပါသေးတယ်။

Organization တခုမှာ Brainstorming ဟာ လိုအပ်ပါတယ်။ အထူးသဖြင့်
နည်းပညာနဲ့ အလုပ်လုပ်နေရတဲ့ Company လိုမျိုးပေါ့ဗျာ။

No comments :

Post a Comment