Common key cryptography

ဒီတခါ Encryption & Decryption Process မှာသုံးတဲ့ Common Key Cryptography
ဆိုတာကို ပြောပြချင်တယ်...

Common key cryptography က encryption နဲ့ decryption လုပ်ငန်းစဉ်မှာ Same Key
ကိုပဲ အသုံးပြုတာကိုခေါ်တာပါ။

အဲ့ဒီ Key ကို Sender နဲ့ Recipient က share လုပ်ပြီး သုံးပါတယ်။

ဒီတော့ Sender နဲ့ Recipient မဟုတ်တဲ့ တခြား third party က ဒီ Key တွေ
မရသွားအောင်အတွက်တော့ ဂရုစိုက်ရပါတယ်။

Common key cryptography ကို Secret key cryptography သို့မဟုတ် Shared key
cryptography လို့လဲခေါ်ပါသေးတယ်။

Common key cryptography ဟာ Data Encryption Standard ကို
အများဆုံးအသုံးပြုပါတယ်။

သူ့ရဲ့ Framework က ဒီလိုဗျာ...

ပထမဆုံး... Sender က common key ကို generate လုပ်ပါတယ်။

ပြီးတာနဲ့ recipient ဘက်ကို confidentially transmit လုပ်ပါတယ်။

နောက်တော့မှ Sender က Common Key နဲ့ encrypted လုပ်ထားတဲ့ Ciphertext ကို send
လုပ်ပါတယ်။

နောက်ဆုံးမှာ Recipient က Ciphertext ကို Common key ကို သုံးပြီး decrypt
ပြန်လုပ်ပါတယ်။

သူ့ရဲ့ Characteristics တွေက တော့...

Encryption နှင့် Decryption speed မြန်ဆန်ခြင်း။

Common key အား transmit လုပ်ချိန်တွင် third party မှ ရယူသွားနိုင်ခြင်း။

Communicate လုပ်မည့် partner တခုစီအတွက် Separate common keys များ
ပြင်ဆင်ရခြင်း တို့ပဲဖြစ်ပါတယ်။

အပေါ်က ပုံလေးကို ကြည့်လိုက်ရင် ပိုနားလည်မှာပါ။


ပျော်ရွှင်ပါစေဗျာ။

(Be Knowledgeable,pass it on then)

No comments :

Post a Comment