Motorola Droid R2-D2 ကို Hard Reset လုပ်နည်း အဆင့်များ

ဒီတခါတော့ Motorola Droid R2-D2 ကို Hard Reset လုပ်ပုံလုပ်နည်း
လေးတွေကို ပြောပြပေးပါ့မယ်
ပထမဆုံး reset မလုပ်ခင် ပြောချင်တာကတော့...
Reset လုပ်ပြီ ဆိုတာနဲ့ ဖုန်းထဲမှာ ရှိသမျှ Data တွေကို အကုန်ဖျက်ပစ်မှာ
ဖြစ်ပါတယ်...
ဒီတော့ Data တွေကို Backup လုပ်ထားဖို့ ပြောချင်ပါတယ်...

ကဲ လာပါပြီ.. ပထမဆုံး Factory Data Reset ကို Menu Settings ကနေ လုပ်ပုံ
ကို ရှင်းပြပါမယ်

၁။ Main Home Screen ကနေ Menu ကို Select လုပ်ပါ
၂။ Settings ကို Select လုပ်ပါ။ ပြီးရင် Privacy ဆိုတာကို Select လုပ်ပါ
၃။ Factory data reset ကို Select လုပ်ပါ
၄။ Reset phone ကို Select လုပ်ပါ
၅။ Password မေးလာပါမယ်... ရိုက် ထည့်ပေးလိုက်ပါ။ ပြီးရင် Erase
everything ကို Select လုပ်ပါ။

ဒါဆို Main Home Screen Settings ကနေ Factory reset လုပ်နည်း ပြီးပြီပေါ့ဗျာ...

နောက်တနည်းက ဖုန်းက ဘာဆိုဘာမှ Respond မလုပ်တော့ပဲ Frozen
ဖြစ်နေပြီဆိုပါတော့ဗျာ....
Hard reset လုပ်ဖို့လိုပြီပေါ့ဗျာ

၁။ Power ခလုတ်ကို နှိပ်လိုက်ပါ။ Power Off ဆိုတာကို Select လုပ်ပါ
၂။ Keyboard ပေါ်က X Key ကို နှိပ်ထားပြီး Power ပြန် on လာတဲ့အထိ
စောင့်ပါ။ Screen ပေါ်မှာ အဝါရောင် တြိဂံပုံ လေး ပေါ်လာတဲ့ အထိ X Key ကို
နှိပ် ထားပါ
၃။ Slied ကို ပိတ် လိုက် ပြီး Volume Up ခလုတ် ကို နှိပ်ထားပါ။ ပြီးရင်
Camera ခလုတ် ကို Volume Up ခလုတ် နဲ့ အတူ တပြိုင် တည်း အတူတကွ နှိပ်
ထားပါ
၄။ Screen ပေါ်မှာ "wipe data/factory reset" ဆို ပြီး ရွေးချယ်စရာ
ပေါ်လာပါမယ်။ Keyboard ပေါ်က Direction Pad ကို သုံးပြီး ရွေးပေးလိုက်ပါ
၅။ Direction Pad ကို သုံး ပြီး Yes ကို ရောက်တဲ့ ထိ Screen Menu ကို
ဆွဲချလာပါ။ ပြီးရင် d-pad select key ကို သုံး၍ "Yes" ကို ရွေးပေးလိုက်ပါ

ဒါဆိုရင် ဖုန်းက ရှိသမျှ Data ကို ဖျက်ပါပြီ... ပြီးပြီဆိုရင် သူ့
အလိုလို Reboot လုပ်ပါလိမ့်မယ်. စက္ကန့်အနည်းငယ် ကြာတာနဲ့
ဖုန်း Power ပြန် on လာပါမယ်... ဒီတခါတော့ ဖုန်းက စက်ရုံက
ထုတ်လိုက်တုန်းက ပုံစံ အတိုင်း ပြန်ဖြစ်သွားပါပြီ...
ဒီတော့ကာ... ဖုန်းထဲကို အရင် က သွင်းထားတဲ့ Third-party applications
software တွေကို ပါ ပြန် install လုပ်ပေးဖို့လိုပါတယ်...

ကဲ ဒီလောက်ဆိုရင် အားလုံး ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်

No comments :

Post a Comment