Public key cryptography

ကဲ..လာပြန်ပါပြီ နောက်တမျိုး... သူက တော့ secret key နဲ့ pubic key နှစ်မျိုးလုံးကို Encryption အတွက်ကော Decryption အတွက်ပါ သုံးပါတယ်။
Secret key ကတော့ personal သုံးအတွက်ဖြစ်ပြီး third party ကို လုံးဝ share မလုပ်ပါဘူး။
Pulic key ကတော့ third party တွေကိုပါ pubish လုပ်ပြီးသုံးတာပါ။
Publish လုပ်ဖို့အတွက်ကိုလဲ Certification authority organization တွေဆီမှာ register လုပ်ရပါတယ်။
Public key cryptography က  RSA (Rivest, Shamir and Adleman) method ကို အသုံးပြုပါတယ်။
(RSA အကြောင်းကိုတော့ ဒီနေရာမှာ မရှင်းပြတော့ပါဘူး။)

Public key cryptography ရဲ့ Framework က ဒီလိုပါ...
Recipient က secret key နဲ့ publick key ကို generate လုပ်ပါတယ်။
ပြီးတော့ public key တွေကို list လုပ်ထားတဲ့ certification authority ဆီမှာ သူ့ရဲ့ public key ကို register လုပ်ပါတယ်။
ပြီးတာနဲ့ recipient က certificate ရပါပြီ။
Sender ဘက်က recipient ရဲ့ public key ကို certification authority ဆီက နေ ရယူပါတယ်။
Sender ကပဲ recipient ရဲ့ public key ကိုသုံးပြီး encrypted လုပ်ထားတဲ့ ciphertext ကို send လုပ်ပါတယ်။
Recipient က သူ့ရဲ့ ကိုယ်ပိုင် secret key ကို သုံးပြီး ciphertext ကို decrypt ပြန်လုပ်ပါတယ်။

Public key cryptography ရဲ့ Characteristics တွေက တော့
- recipient အများကြီးနဲ့ အဆင်ပြေပြေ communicate လုပ်နိုင်မယ့် pubilc key ကိုသုံးတာပါ။
- key တွေကို manage လုပ်ရတာ လွယ်ကူပါတယ်။
- ဒါပေမယ့် encryption and decryption လုပ်တဲ့အခါမှာတော့ speed နှေးပါတယ်။

အပေါ်မှာ ပုံလေးနဲ့ ရှင်းပြထားပါတယ်။ ကြည့်လိုက်ရင်ရင် ရှင်းသွားမှာပါ။

Public key cryptography ကို
- Secure RPC
- SSL
- Cisco encrypting router တွေမှာ သုံးပါတယ်တဲ့ဗျာ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

No comments :

Post a Comment