Removable device တွေကို access deny လုပ်ကြည့်မယ်

ရုံးတွေမှာ Data တွေ လုံခြုံမှုရှိစေဖို့ USB Storage Device, CDROM Drive နဲ့ FLOPPY Drive တွေကို System Administrator ကပိတ်ထားရတာမျိုးတွေရှိပါတယ်။
ဒီလိုပိတ်တဲ့အခါမှာ တချို့က Group Policy ကိုသုံးပြီးပိတ်တယ်၊ တချို့က Third-Party Software တွေကို သုံးပြီးပိတ်တယ်၊ တချို့က Registry မှာ သွားပိတ်တယ်။
အားသန်ရာ သန်ရာပေါ့ဗျာ။ ကျွန်တော်က တော့ အောက်က နည်းလေးကို ပိုကြိုက်တယ်ဗျ။

ဒီလိုဗျ...
Start>Run>regedit.exe ကနေ

    * HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR (For USB Storage Device)
    * HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\CDROM    (For CDROM Drive)
    * HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\FLOPPY    (For FLOPPY Drive)

တွေကို ရောက်တဲ့အထိသွားဗျာ...

ပြီးရင် Folder တခုချင်းစီပေါ်မှာ Right Click>Permission လုပ်ဗျာ။
ဒါဆိုရင် Permission for USBSTOR ဆိုတဲ့ Window တခုပေါ်လာမယ်ဗျ...
(Device တခုစီအတွက် Folder တခုစီမှာ လုပ်ရမှာပါ)
Security Tab မှာ Group or user names အောက်က

- SYSTEM
-Administrators
- Users
- Domain Users (Domain တပ်ထားမှ ပေါ်ပါတယ်)

တွေကို Full Control မပေးတော့ပဲ Deny ပေးလိုက်ပေါ့ဗျာ...
ပြီးရင်တော့ Apply > OK ပေါ့
ကဲ... ဒါဆိုရင် Removable device တွေ ကွန်ပျူတာမှ လာတပ်လို့မရတော့ဘူးပေါ့ဗျာ...
ဒါပေမယ့် တခုတော့ရှိတယ်နော်... Client Computer တွေအကုန်လုံးကို တော့ လိုက်လုပ်ပေးဖို့လိုပါတယ်။
ခြေတော့ညောင်းမယ်ဗျ... :P

ဒါလေးကိုပဲ notepad နဲ့ CMD Script ရေးပြီး Start up မှာ Run အောင် ရေးထားချင်ရင်လည်းရပါသေးတယ်။

ပျော်ရွှင်ပါစေဗျာ...
(Be Knowledgeable, pass it on then)

No comments :

Post a Comment