What is AAA?

Telecommunication & Data communication Field ထဲကို စဝင်ချိန်မှာ ပဲ AAA ဆိုတာနဲ့ရင်ဆိုင်ရပါတယ်။

ဘာလဲပေါ့ AAA ဆိုတာ။


AAA ဆိုတာ

1. Authentication

2. Authorization

3. Accounting တို့ပဲဖြစ်ပါတယ်။

 

ဒါတွေကဘယ်လိုအလုပ်လုပ်သလဲ...တကယ်တော့ AAA ဆိုတာက Network management Framework တစ်ခုဖြစ်ပါတယ်။

Large Network တွေမှာလည်း တည်ဆောက်အသုံးပြုပါတယ်။

Cisco Router များမှာ ဒီ Framework ကိုတွေ့နိုင်ပါတယ်။

အခြားသော Router များ မှာလည်း ၄င်း Framework ကို အသုံးပြုလာတာတွေ့ရပါတယ်။

နောက်ပြီး Network Management Server တြွေဖစ်တဲ့ RADIUS (Remote Authentication Dial In User Service) Server နဲ့ TACACS (Terminal Access Controller Access Control System) Serverတွေကလည်း ၄င်း AAA Framework ကိုအသုံးပြုနိုင်ကြပါတယ်။

ဒီတော့ AAA ဆိုတာဟာ Network ကို Management လုပ်တဲ့အချိန်မှာ လုံခြုံစိတ်ချစွာ တည်ဆောက်နိုင်ဖို့ သုံးတဲ့ Framework တခုပေါ့ဗျာ။

 

ဟုတ်ပြီ

 

Authentication က သင့်ရဲ့ Network မှာရှိတဲ့ User တွေကို Network Resoureces တွေယူသုံးချင်ပါက ၄င်း User တွေရဲ့ User Name နှင့် Password ကိုစစ်ဆေးပေးပါတယ်။တကယ်လို့ Authenticated Username နှင့် Password တူညီရင် Network ရဲ့ Resources များကို ယူသုံးခွင့်ပေးပြီး မတူခဲ့ရင်တော့ Access Deny လုပ်မှာပေါ့ဗျာ။

 

Authorization ဆိုတာကတော့ Network User တွေကို၊ သင့်ရဲ့ Network အတွင်း၌ မည်သည့် Resources များကို ပေးသုံးခွင့်ပြုသလဲဆိုတာ သတ်မှတ်ပေးရတဲ့ အလုပ်ကို လုပ်တာပါဗျာ။

 

Accounting ကတော့ Network အတွင်းမှာ ရှိကြတဲ့ User တွေက မည့်သည့် Network Resources များကို အသုံးပြုနေသလဲဆိုတာ ကို စစ်ဆေးတာပါဗျာ။

 

ထပ်ပြောပါအုံးမယ်

AAA ဟာ Network Management Framework ဖြစ်ပါတယ်။

သူ့ကို RADIUS Server နှင့် TACACS Server တို့နဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။

Cisco Router တွေ နဲ့ Switch တွေမှာလည်း AAA Framework ကို Support လုပ်ပေးပါတယ်။


(Be knowledgeable, pass it on then)

No comments :

Post a Comment