How to setup automap feature in Shared Mailbox for group of user in Office 365?

ပုံမှန်အားဖြင့် User အရေအတွက် အနည်းငယ်ကို Shared Mailbox Full Access ပေးသုံးတဲ့အခါ သင့်အနေနဲ့ Shared Mailbox ကို Permission Granted ရထားတဲ့ User တွေရဲ့ Outlook နဲ့ automap လုပ်မထားဘူးဆိုရင် သူတို့ရဲ့ Outlook Client မှာ Mailbox ကို Manual သွား Add ပေးရပါလိမ့်မယ်။

User အရေအတွက် အနည်းငယ်ဆိုရင် ပြဿနာမရှိပေမယ့်...အရေအတွက် များပြားရင်တော့ ဒီနည်းလမ်းက သိပ်အဆင်မပြေပါဘူး။

ဒီတော့ စပြီး Permission assign လုပ်ကတည်းက Powershell သုံးပြီး Automap feature ထည့်ပေးမယ်ဆိုရင် တော့ User တယောက်ချင်းစီကို Manual လိုက် Add လုပ်စရာမလိုတော့ဘူးပေါ့။

ဒီလိုလုပ်ဖို့အတွက် အောက်မှာ ပြထားတဲ့ Powershell Syntax တွေကို အသုံးပြုပါမယ်။

၁) Shared Mailbox နှင့် Generic e-mail address ဖန်တီးရန်
New-Mailbox -Name "Shared Mailbox Name"  -Alias "Shared Mailbox Alias Name" –Shared   -PrimarySmtpAddress "External Contact Shared Mailbox e-mail address"

၂) Assigning User to get Full and Send As permission with Automap Feature
Add-MailboxPermission "Shared Mailbox Name or Shared Mailbox e-mail address" -User "User Display Name or User e-mail address" -AccessRights FullAccess -InheritanceType all
Add-RecipientPermission "Shared Mailbox Name or Shared Mailbox e-mail address" -Trustee "User Display Name or User e-mail address" -AccessRights SendAs

အောက်မှာ ဥပမာ အနေနဲ့ sales@ictformyanmar.com ရဲ့ Mailbox ကို salestaff1, salestaff2 နှင့် salestaff3 တို့ ကို Full Access, Send As Pemisssion ပေးပြီး Shared Mailbox ကို သူတို့ရဲ့ Outlook Client မှာ Automap လုပ်ပြပါမယ်။

Powershell Windows မှာ အောက်ပါအတိုင်း ထည့်ပါမယ်။

New-Mailbox -Name "Sales"  -Alias SNM –Shared   -PrimarySmtpAddress sales@ictformyanmar.com

Add-MailboxPermission "Sales" -User "Sale Staff 1" -AccessRights FullAccess -InheritanceType all
Add-MailboxPermission "Sales" -User "Sale Staff 2" -AccessRights FullAccess -InheritanceType all
Add-MailboxPermission "Sales" -User "Sale Staff 3" -AccessRights FullAccess -InheritanceType all

Add-RecipientPermission "Sales" -Trustee "Sale Staff 1" -AccessRights SendAs
Add-RecipientPermission "Sales" -Trustee "Sale Staff 2" -AccessRights SendAs
Add-RecipientPermission "Sales" -Trustee "Sale Staff 3" -AccessRights SendAs

Highlight ပြထားတဲ့ နေရာလေးတွေမှာ Modify လုပ်ပြီး Copy, Paste , Enter လုပ်သွားယုံပါပဲ။

ကဲ...ဒီလောက်ဆို Shared Mailbox ကို Automap လုပ်တတ်မယ်လို့ယူဆပါတယ်။
Underline လုပ်ပြထားတဲ့ InheritanceType all ဆိုတာက Automap လုပ်ခိုင်းတာပါ။



ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment