Callback Services: What is it?

Callback ဆိုတာ က Telecom Service Provider Company တခုရဲ့ Network က Authentication Server ကို Company Network အပြင်ကနေပြီးတော့ user က လှမ်း connect လုပ်တာပါပဲ။
သူ့ကို ဖုန်းဝန်ဆောင်ခ စျေးကြီးတဲ့ နိုင်ငံတွေမှာ သုံးပါတယ်။
သူ့ အလုပ်လုပ်ပုံက ဒီလိုပါ...
Suscriber(ဖုန်းအသုံးပြုသူ) က နေ Service Provider ရဲ့ Authentication Server ကို PIN နံပါတ် တခု သုံးပြီး ဆက်သွယ်လိုက်ပါတယ်။
( ၄င်း PIN နံပါတ်ကို Callback Service Provider များမှ ရောင်းချပေးသော Callback Card များမှ ရရှိပါတယ်။)
အဆက်အသွယ်ရပြီဆိုရင် Authentication Server က Callback System မှာ register လုပ်ထားတဲ့ PIN နံပါတ် ဟုတ် မဟုတ် စစ်ဆေးပါတယ်။ Valid user ဟုတ်မဟုတ် စစ်ဆေးတာပါ။
( ထိုကဲ့သို့ စစ်ဆေးနေချိန်မှာ user နဲ့ ချိတ်ဆက်ထားမှု ကို ဖြတ်တောက်လိုက်ပါတယ်။)
Valid ဖြစ်တယ်။ မှန်တယ်ဆိုရင် User ကို call back ပြန်လုပ်ပါတယ်... User က Server နဲ့ ချိတ်ဆက်မိပြီဆိုတာနဲ့... ကိုယ် ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုနိုင်ပြီဖြစ်ပါတယ်။
သူ့မှာ အားနည်းချက်ကတော့ ကိုယ်ခေါ်လိုက်တဲ့ ဖုန်းရဲ့ Caller ID description မှာ ကိုယ့် ဖုန်းနံပါတ် မပေါ်တာပါ။
Callback Service Provider က ချပေးတဲ့ နံပါတ်ပဲ ပေါ်ပါတယ်။
သူ့ ရဲ့ အားသာချက်ကတော့ ဖုန်းဝန်ဆောင်ခ တော်တော်လေး သက်သာတာပါပဲ။

အပေါ်မှာ ပုံလေးပြထားပါတယ်...ကြည့်ကြည့်ပါ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီ စနစ် ကျင့်သုံးတော့မယ်လို့ သတင်းတော့ ကြားမိလိုက်သလိုပဲ။
ဘယ်တော့လဲ တော့မသိပါ။

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable,pass it on then)

No comments :

Post a Comment