White Box Test

Software တွေထုတ်လုပ်ရေးသားပြီဆိုရင် ရေးနေစဉ်ကတည်းက Module လေးတွေကို Test လုပ်ရတဲ့ အပိုင်းလေးတွေရှိပါတယ်။

Unit Testing (or) Module Testing လို့ခေါ်ပါတယ်။ Software Development တခုရဲ့ ပထမဆုံး Test လုပ်တဲ့ အပိုင်းလို့ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။

ဒီတော့ Module လေးတွေကို Test လုပ်တဲ့နည်းတွေထဲက White Box Test ဆိုတာ ကို နည်းနည်းပြောပြချင်ပါတယ်။

ဒီလိုဗျ White Box Test ဆိုတာ Program Module တခုရဲ့ Control နဲ့ Flow  ကို Focus လုပ်ပြီး Internal Structure ရယ် Logic ရယ် ကို စစ်ဆေးတာပါပဲ။

ဘယ်လိုစစ်တာလဲဆိုတော့ Method နှစ်မျိုးရှိတယ်ဗျ…

Statement coverage method နဲ့ Condition coverage method ဆိုပြီး ပုံစံ နှစ်မျိုးနဲ့ Test လုပ်လေ့ရှိပါတယ်။

သူတို့တွေက ဘယ်လိုပုံစံမျိုးတွေနဲ့ Module တွေကို Test လုပ်တာလဲဆိုတာကို ပုံလေးမှာကြည့်လိုက်ရင် ရှင်းသွားမှာပါ။ ကြည့်ကြည့်ပါ…

ဒါက Software Development မှာ တကယ့်ကို အခြေခံလေးပါ… မသိသေးသူတွေ ဗဟုသုတ ရစေဖို့ တင်ပြခြင်းဖြစ်ပါတယ်။

ဆရာကြီးများအတွက်တော့ မဟုတ်ပါဘူးဗျာ။


No comments :

Post a Comment