Contract of Service ??? What is it ???

Contract of Service ဆိုတာ
တစ််စုံ တစ်ယောက်က တခြား တစ််စုံ တစ်ယောက် အတွက်
အလုပ်ရှင်အဖြစ် လုပ်မယ် သို့မဟုတ်
တစ်စုံတစ်ယောက်က တခြား တစ််စုံ တစ်ယောက် အတွက် အလုပ်သမား လုပ်မယ် စသည်ဖြင့်
သဘောတူညီမှု ယူထားတာကို နှုတ်နဲ့ဖြစ်စေ...စာနဲ့ဖြစ်စေ... ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

အလုပ်သင် ဝန်ထမ်း အဖြစ် ခန့်အပ်တဲ့ စာချုပ်မျိုးကို လည်း Contract of Service ထဲမှာ ထည့်သွင်း နိုင်ပါတယ်။


တနည်းအားဖြင့် Contract of service တစ်ခုကို Appointment / Employment letter အနေနဲ့ လည်း မြင်ကြည့်လို့ ရပါတယ်။


Contract of service မှာ ပါတဲ့ အချက်အလက် များကို သဘောတူယူထားတဲ့ အလုပ်သမား ရဲ့ ခွင့် ပြုချက်

မပါပဲ နဲ့ အလုပ်ရှင်ဖက်မှ ပြောင်းလဲခွင့် မရှိပါဘူး။

Contract of service တခုမှာ ပါဝင်တဲ့ Terms & Conditions တွေဟာ အလုပ်သမား တွေ အတွက် ချမှတ်ထားသော အလုပ်သမား

ရပိုင်ခွင့် ဥပဒေမှာ ပါတဲ့ အချက် တွေထက် လျော့နည်းမနေရပါဘူး။ လျော့နည်းနေတယ်ဆိုရင် ဒါဟာ ဥပဒေ အရ အပြစ်ရှိပါတယ်။

သို့ပေမယ့် အစမ်းခန့်ကာလ အတွင်းမှာတော့ လျော့နည်းပိုင်ခွင့်ရှိပါတယ်။


Contract of service တခု အနေဖြင့် မဖြစ်မနေ ထည့်သွင်းချုပ်ဆိုရမယ့် အချက်တွေကတော့...

    Commencement of employment; ( အလုပ်စဆင်း တဲ့ နေ့စွဲ )
    Appointment – job title and job scope; ( ရာထူးနှင့် လုပ်ငန်းတာဝန်)
    Hours of work; ( အလုပ်လုပ်ချိန် - ရုံးတက်ချိန် နှင့် ရုံးဆင်းချိန် )
    Probation period, (အစမ်းခန့် ကာလ ကြာချိန်)
    Remuneration; ( အလုပ်သမား ဖက်က ရနိုင်ခွင့် ရှိသော အခကြေးငွေ)
    Employee's benefits (e.g. sick leave, annual leave, maternity leave); ( အလုပ်သမား ခံစားခွင့်များ)
    Termination of contract – notice period; ( အလုပ်ထွက်/ဖြုတ် လျှင် အလုပ်ရှင်/အလုပ်သမား မှ အသိပေးရမည့် အချိန်ကာလ) နှင့်
    Code of conduct (e.g. punctuality, no fighting at work). (လုပ်ငန်းခွင်တွင်း စည်းကမ်းများ နှင့် အပြစ်ပေးပုံများ)

စသည့် အချက် များ မဖြစ်မနေ ပါဝင်သင့် ပါတယ်။


ဒါတွေကို တကယ်နားလည်တတ်ကျွမ်းတဲ့ Human Resource & Administration Manager တွေက ကောင်းစွာ သိပါတယ်။ သိတဲ့ အတိုင်းလဲ... လုပ်ဆောင်ကြပါတယ်။


သို့ပေမယ့်... ကျွန်တော် လုပ်ခဲ့ဖူးတဲ့ Company တခုမှာတော့ ဒါမျိုးကို နားမလည်တာလား...

နားလည်ရက်နဲ့ မသိချင်ယောင်ဆောင်နေ တာလား မသိရတဲ့ HR manager ကို တွေ့ဖူးပါတယ်။
ထို့ အပြင် Contract of service ကို အမျိုးမျိုး ပြင်ဆင် တတ်တဲ့ သူတွေကို လည်း မြင်ခဲ့ရပါတယ်။
သူတို့က အလုပ်သမားဥပဒေနဲ့ လုပ်ရိုးလုပ်စဉ် တွေကို ချိုးဖောက်နေတာတောင် အလုပ်သမားတွေကို ဖြဲခြောက် တာမျိုးကိုလည်း မြင်ဖူး ကြုံ ဖူးခဲ့ပါတယ်။

ဒီတော့ အခု ကျွန်တော် ပြောတဲ့ အချက် တွေကို နောင်လုပ်ငန်း ခွင်ဝင်မယ့် သူတွေ... မသိသေးတဲ့သူတွေ သိသွားအောင်

အတိုဆုံး ရေးပြထားတာပါ။

ပျော်ရွှင်ပါစေဗျာ။

(Be knowledgeable, pass it on then)


1 comment :

  1. မင်္ဂလာပါ။ မေးခွန်းမေးပါရစေ။ လက်ရှိမြန်မာနိူင်ငံဥပဒေတွင်အစမ်းခန့်ကာလနှင့်ပက်သတ်၍သတ်မှတ်ထားသည့်ဥပဒေရှိပါသလား။ကျေးဇူးတင်ပါတယ်။

    ReplyDelete