How to make Bootable USB Drive or DVD Using Official “Windows 7 USB/DVD Download Tool” from Microsoft for Windows 7 and Windows 8


Windows 7 ထည့်သွင်းထားတဲ့ Notebook တွေမှာ အကြောင်းတခုခုကြောင့် Windows ပြန်တင်ရတော့မယ်/ ပြန်ပြင်ရတော့မယ် ဆိုရင် ပြဿနာက CD/DVD Drive မပါတာပါ။
ဒီတော့ ကျတော်တို့ က USB Drive တခုခုနဲ့ Boot တက်ရပါတော့မယ်။
ဒီအခါမှာ ကိုယ့်ဆီမှာက External USB CD/DVD or External Hard Disk လဲ မရှိခဲ့ဘူး။ Thumb Drive ပဲ ရှိတယ်။
Notebook ကလဲ Model နိမ့်နေလို့ Thumb Drive နဲ့ Boot တက်တဲ့ Option ပါမလာဘူးဆိုရင် အခက်တွေ့ပါပြီ။
ဒီလိုအခြေအနေမျိုးအတွက် Microsoft က နေ Windows 7 USB/DVD Download Tool ဆိုတဲ့ Tool တခု လုပ်ပေးထားပါတယ်။ သူက Bootable USB Drive တခုဖြစ်အောင် ဖန်တီးပေးပါတယ်။ DVD ကိုပါ Bootable ဖြစ်အောင် လုပ်ပေးပါတယ်တဲ့။
ဒီလိုမျိုး Bootable USB Drive ဖြစ်အောင် လုပ်ပေးတဲ့ အခြား Tool တွေလည်းရှိပါသေးတယ်။
ကျတော်ကတော့ ဒါလေးကို ပိုကြိုက်ပါတယ်။
မသိသေးတဲ့ သူတွေကို ပြန်လည်ဝေမျှတဲ့ သဘောပေါ့ဗျာ။
သူ့ကို သုံးရတာ အရမ်းလွယ်ကူပါတယ်။ ဒါပေမယ့် Windows 7 copy ကို .iso format နဲ့ Download လုပ်ပြီးသား ကိုယ့်မှာရှိဖို့တော့လိုပါတယ်။
ကဲ… လိုချင်သူများကတော့ ဒီမှာ Download လုပ်နိုင်ပါတယ်ဗျာ။

အသုံးပြုရတာ လွယ်ကူလွန်းလို့ သုံးပုံသုံးနည်းကို ရှင်းမပြတော့ပါဘူး။

နောက်တခုက သူက Windows 8 အတွက်လည်း အသုံးပြုနိုင်ပါတယ်တဲ့ဗျာ။

System Requirement ကတော့

    Windows XP SP2, Windows Vista, or Windows 7 (32-bit or 64-bit)
    Pentium 233-megahertz (MHz) processor or faster (300 MHz is recommended)
    50MB of free space on your hard drive
    DVD-R drive or 4GB removable USB flash drive

ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment